{ အရိပ်တကြည့်ကြည့် }
* ကိုယ့်ကို စိတ်ပူအောင် အရမ်းလုပ်တဲ့ ကလေးလေး *
အခုမှ ဟေမာန် ပင်ကီရဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကို လေ့လာမိတယ်။
နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို လက်ကလေးနဲ့ ညင်ညင်သာသာလေး သပ်ပေးမိတော့ ကလေးရဲ့ နဖူးပြောင်ပြောင်ဖွေးဖွေးလေး။
နှစ်နှစ်ခြိုက်ခြိုက် မျက်လုံးလေးမှိတ်နေပြီး အိပ်စက်နေတဲ့ကလေးရဲ့ မျက်နှာလေး။
နှာတံစင်းစင်းလေး နဲ့ ပါးဖောင်းဖောင်း လေးကလည်း ချစ်စရာလေး ဆိုပြီး ပါးလေးကို ပွတ်သပ်နေမိတယ်။
ပြီးတော့ ဖျော့တော့တော့ နှုတ်ခမ်းပါးပါးလေး။ နှုတ်ခမ်းလေးကို လက်ကလေးနဲ့ ထိကြည့်မိတော့ နူးနူးညံ့ညံ့လေး။ အဲနှုတ်ခမ်းလေးကို တစ်ခါတစ်လေ ဆူပြီးတော့လည်း စကားပြောတတ်တဲ့ babeလေး..။
*အဲနှုတ်ခမ်းလေးကို ကိုယ့်နှုတ်ခမ်းနဲ့ ထိကပ်မိခဲ့တာပဲ*
*ပင်ကီကို ဟေမာန်ကသာယောက်ျားလေးဖြစ်ရင် ကြိုက်မယ်လောက်တယ်..ဟဲ...ဟဲ* လို့ စိတ်ထဲမှာတွေးနေမိသေးတယ်။
ဒီနေ့နေ့လည် ကျတော့ အဲပါးလေးကို ထက် နမ်းတဲ့ ပုံလေးဝင်လာတော့ လက်ကလေးပြန်ရုတ်သိမ်းမိပြီးတော့....အဲအကြောင်းပြန်စဉ်းစားမိတယ်။
ဘာလို့ရင်ထဲမကောင်းနေတာပါလိမ့်......
နေ့လည်းတုန်းက ဟေမာန်က အတန်းတက်ချင်စိတ်မရှိတော့တာနဲ့ မတက်တော့ သူငယ်ချင်း အရင်ခေါက်ခေါက်ကြီး သက် ကလည်း သူလည်းမတက်ဘူးတဲ့။
ပြီးတော့ ပင်ကီ နဲ့ chatနေရင်း ပင်ကီ ကပြောတယ်ထက်နဲ့ ချစ်သူတွေဖြစ်သွားပြီတဲ့.......
ထင်ပါတယ် နဂိုတည်းက နှစ်ယောက်က ရိုးရိုဒါးသားခင်တာနဲ့မှမတူတာကို....
တစ်ခုခု ကြီးကြီးမားမားဆုံးရုံးသွားသိလိုခံစားချက်နဲ့ ဘာလို့ ဝမ်းနည်းနေရတာလဲ အကြောင်းပြချက်ကိုသေချာမသိပဲနဲ့ စိတ်တွေလည်းအရမ်းရှုပ်လာလို့ သူငယ်ချင်းတွေနဲ့ အတန်းလစ်ပြီးထိုင်နေမဲ့အစား rollရအောင် ဆိုပြီး လျှောက်လည်ပစ်လိုက်တယ်။
ဒင်းလေးရဲ့ ကျိန်စာများမိနေသလားပဲ။ သူ့အကြောင်းကြီးပဲစိတ်ထဲရောက်ရောက်လာတယ်။....သူကတော့ သူ့ ချစ်ချစ်နဲ့ပျော်မြူးနေတာ လို့ စိတ်ထဲကမကျေမနပ်ဖြစ်ပြီး...postကိုအမြင်ကပ်ကပ်နဲ့ ချက်ချင်းတင်ပစ်လိုက်တယ်။ ကိုယ့်ကိုကိုယ်တောင်တွေးမိနေတယ် ဟေမာန် အဲလောက် ကလေးဆန်ရလားဆိုပြီး...😪
YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
