{ အရိပ်တကြည့်ကြည့် }
မနက် ပင်ကီအိပ်ရာထလာတော့ နာရီကြည့်လိုက်တာ ၉နာရီကျော်နေပြီလေ။ ညကအိပ်ပျော်သွားတော့မေ့ပြီးalarmမပေးမိတာ သေပြီလေ။ ခေါင်းတွေအရမ်းမူးနေပြီး မျက်စိတွေလည်းပူနေတာ။ နဖူးလေးကိုစမ်းကြည့်တော့ ကိုယ်ပူနေပြီထင်တယ်။ ဒီနေ့ကျောင်းသွားလို့မဖြစ်တော့ဘူးထင်တယ်။ ဟာ မဟေမာန်များမနက်က ပင်ကီကိုတော်တော်စောင့်နေရသေးလားမသိဘူး😣
Phလေးကိုဖွင့်ကြည့်လိုက်တော့ missed callတွေအများကြီးပဲ ။ (၉ခုတောင်မှ) messengerထဲဝင်ကြည့်လိုက်တော့ ဟေမာန်ဆီက msgတွေ...
"ပင်ကီ ရေ ph ကိုင်ပါဦး ဘာလို့မလာသေးတာလဲ" 7:48am
" ပင်ကီ ကျောင်းနောက်ကျတော့မယ် မထွင်လာသေးဘူးလား မ စောင့်နေတယ်နော်." 7:50am
" ပင်ကီ အိပ်ရာထနောက်ကျနေတာလား။ မထသေးတာလား။ lineပေါ်မှာလည်းမတွေ့ဘူး" 7:53am
Msgတွေဖတ်နေတုန်းရှိသေးတယ် တံခါးခေါက်သံကြားလို့ လှည့်ကြည့်လိုက်တော့ အဘွားမြကဝင်လာတယ်။ ဘွားမြက သွေးးသားမတော်ပေမယ့် အဘွားအရင်းလို ပင်ကီကိုငယ်ငယ်လေးတည်းက စောင့်ရှောက်ပေးခဲ့တဲ့ သူလေ။
"သမီးလေး နိုးပြီလား။ မနက်က သမီးသူငယ်ချင်း ဟေမာန်ဆိုတာ အိမ်ထိ လာသွားသေးတယ် ။ ပင်ကီနဲ့ကျောင်းတူတူသွားနေကျဟာကို ပင်ကီကရောက်မလာလို့တဲ့"
"ဟုတ်လား... ဟေမာန်ကအိမ်ထိလိုက်လာတာလား?"
"ဟုတ်တယ်...ဘွားကသမီးလေးကိုတက်နိုးတော့ သမီးလေးကနိုးလို့မရဘူးလေ...ကိုယ်တွေလည်းပူနေတာနဲ့ ဒီနေ့နားပစေ..ဆိုပြီးဆက်မနိုးတော့ပဲ....ပင်ကီဖျားနေလို့ဒီနေ့ကျောင်းနားခိုင်းလိုက်မယ်လို့ သမီးသူငယ်ချင်းကို ပြောလိုက်တယ် သမီးရဲ့..."
" အဲတာသူဘာပြန်ပြောလဲ အဘွား.."
" နိုးရင်သူ့ကိုဆက်သွယ်ပါတဲ့ ပြီးတော့ပြန်သွားတယ် သမီးရဲ့.....ဘွား သမီးဆေးသောက်ဖို့ရာ ဆန်ပြုတ်ဆိုးတည်ထားလို့ သွားကြည့်လိုက်ဦးမယ်နော်".
"ဗြဲ....ဘွားဘွား......သမီးဆေးမသောက်ဘူးလေ😭"
(ပင်ကီဆိုးလို့ရတဲ့သူမို့လို့ အဘွားကိုဆိုးနေတာ)
YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
