{ အရိပ်တကြည့်ကြည့် }
ဟေမာန်က သူ့သူငယ်ချင်းတစ်ယောက်နဲ့ ထမင်းစားဖို့canteenကိုလာနေတုန်း ဆိုင်လေးတစ်ဆိုင်မှာ ပင်ကီကိုမြင်သွားတော့ပျော်သွားပေမယ့်။ ဟေမာန်ကြည့်လိုက်တော့ ပင်ကီကို ကြင်ကြင်နာနာသုတ်ပေးနေတဲ့ ထက်နဲ့ ပြုံးပြီးငြိမ်ခံနေတဲ့ ပင်ကီရဲ့မြင်ကွင်းကို မြင်ပြီး စိတ်ထဲမှာတော်တော် ဘဝင်မကျဖြစ်ပြီး ဒေါသေနည်းနည်းထွက်သွားတယ်။
*ပြောတော့ မ ကိုချစ်တာလေးဘာလေးနဲ့၊ အခုတော့ hk hk *
ဟေမာန်နဲ့ သူ့သူငယ်ချင်းနဲ့ ပင်ကီတို့ထိုင်နေတဲ့မလှမ်းမကမ်းကဆိုင်လေးမှာပဲထိုင်စားဖို့လုပ်လိုက်ကြတယ်။
ဟေမာန်က တော့ သူ့babeလေးကို ခဏခဏ checkနေမိလိုက်တယ်။
ပြီးတော့ ပင်ကီနဲ့ ထက်နဲ့ ဖြစ်ပျက်နေတဲ့အဲမြင်ကွင်း၊
ဟေမာန်ရဲ့ ရင်ထဲမှာဘာလို့လဲမသိဘူး အမျိုးအမည်မသိတဲ့ ခံစားချက်တွေ ပေါ်လာတယ်။ ဝမ်းနည်းမှုတွေလား ဘာလဲ? ဟေမာန် ထမင်းဆက်စားချင်စိတ်မရှိတော့ပဲနဲ့ ပင်ကီအပေါ်ရှိတယ်ခံစားချက်တွေဘာကြောင့်ဖြစ်နေတာလဲ အဖြေရှာနေမိတယ်။
~~~~
ပင်ကီကို ထက် ကဖုန်းထဲကစာတွေပြန်ရှင်းပြနေလို့ အာရုံစိုက်နားထောင်မိနေတုန်း ပင်ကီရဲ့ပါးပြင်ကို ထက်ကရုတ်တရက် လာနမ်းတယ်။ ပင်ကီ မထင်မှတ်ထားတာဖြစ်သွားတော့ အံသြ သွားသလို ပင်ကီရဲ့ပါးပြင်က တစ်ဦးတစ်ယောက်တည်း အတွက် ရွယ်ရွယ်ထားတာပါ။
ပင်ကီရဲ့ချစ်ရတဲ့သူ မ အတွက် တမြတ်တနိုး အနမ်းခြွေခိုင်းစေချင်တဲ့ နေရာလေးမို့လို့ ထက်က သူငယ်ချင်းဆိုတဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူကာ ပိုင်ဆိုးပိုင်နက် လာနမ်းတော့ ပင်ကီတော်တော် စိတ်တိုသွားတာ။~
" နင်ဘာလုပ်လိုက်တာလဲ😠" လို့ပင်ကီ စိတ်ဆိုးဆိုးနဲ့မေးလိုက်တယ်
"ငါ ----- ငါနင့်ကိုချစ်နေမိလို့ပါဟာ"
"နင် ကိုငါအဲလိုမထင်ထားဘူး"
"ငါနင့် ကိုတကယ် တွေ့ကတည်းက ချစ်မိနေတာပါ။ ငါပြောတာယုံပါဟာ။ ငါ့အချစ်ကို နင် လက်ခံလာအောင် ကြိုးစားမှာမို့လို့ ကြိုးစားခွင့်ပြုပါနော်။ငါနင့်ခွင့်ပြုချက် မပါပဲလုပ်လိုက်မိတာ တောင်းပန်ပါတယ် ..."
" ဒီမှာ..ငါသေချာပြောမယ် ငါနင့်ကို သူငယ်ချင်း တစ်ယောက်လိုပဲ ခင်ခဲ့တာ။ အဲ ထက်လုံးဝမပိုနိုင်ဘူး" လို့ပြောပြီး ပင်ကီ ပစ္စည်းတွေသိမ်းပြီး ထွက်လာလိုက်တယ်။
ထက်လည်း သိမ်းဆည်းပြီး ပင်ကီနောက်ကနေ ဘာမှမပြောပဲ လိုက်လာခဲ့တယ်။
အခန်းထဲရောက်ခါနီးကျတော့ ထက်ကနေပဲ ပင်ကီရှေ့ကနေ ပိတ်ပြီး
" ခုန နင့်ရဲ့ ခွင့်ပြုချက်မယူပဲ လုပ်လိုက်မိတာ တောင်းပန်ပါတယ်နော်..."
" hk...တောင်းပန်တယ်ပေါ့?"(ပင်ကီ မျက်ရည်တွေဝဲနေတယ်)
"ပင်ကီ ငိုနေတာလာ ကိုယ်တောင်ပန်းပါတယ်နော် 😢"
"Hk..တောင်းပန်တာနဲ့ပြီးသွားမှာတဲ့လား?"
"......ကိုယ် အဲလိုလုပ်လိုက်တာ ပင်ကီ အ
ဲလောက် ခံစားသွားရမယ်မသိလို့ပါ။....ပင်ကီကို ချစ်တာပဲသိလို့ ပါ"
"ပင်ကီမြတ်နိုးတဲ့ သူဆီက အနမ်းကိုပဲ သန့်သန့်ရှင်းရှင်း နဲ့ ခံယူချင်တာပါ... သူ့ရှေ့မှာ ပင်ကီဘယ်လိုရင်ဆိုင်ရတော့မှာလဲပြော...?"
"ပင်ကီ ချစ်နေတဲ့သူ.....ရှိတာလား......?"
" ...... " (ပင်ကီ ဘာမှမပြောပဲ မျက်ရည်တွေကျနေမိပြီး) အိမ်သာထဲကို ပြေးသွားတယ်။
ထက်ကတော့ ပင်ကီနောက်မလိုက်ပဲ ပင်ကီပြေးသွားတဲ့တစ်လျှောက် မျက်စိတစ်ဆုံးကြည့်ပြီး မတ်တပ်ရပ်ကျန်ခဲ့တော့တယ်။
* ကိုယ် နာကျင်ရဆုံးက ကိုယ်ချစ်လွန်းလို့ ကိုယ့်နှုတ်ခမ်းကပေးလိုက်မိတဲ့ အနမ်းလေးက မင်းအတွက် ရွံရှာမုန်းတီးစရာတဲ့ *
* မင်းရဲ့ နှလုံးသားထဲမှာ ကိုယ်ကြိုးစားပိုင်ခွင့်တောင်မရှိရလောက်အောင် အခြားသူက နေရာယူထားရက်ပြီးသားဖြစ်နေပြီတဲ့ *
* မင်းရဲ့ ပါးပြင်က မင်းမြတ်နိုးနေတဲ့ အခြားသူအတွက် သီးသန့်ချန်ထားတာတဲ့ *
* ကိုယ့်ဘဝက ဘဝပေးကံကြောင့် Tomဖြစ်နေလို့ ကိုယ့်အချစ်ကိုလက်မခံပဲ လွယ်လွယ်နဲ့ငြင်း ပယ်ရက်တယ်ပေါ့? *
* ကိုယ်က အပြင်ကသာ ခပ်မာမာနေတာပါကွာ။ ကိုယ့်ရဲ့ ရင်ဘက်ထဲမှာ ရှိနေတာက အထိအခိုက်မခံနိုင်တဲ့ ခပ်နုနု နလုံးသားလေးပါကွာ။ *
* ကိုယ်က ဘဝပေးကံမကောင်းသလို အချစ်ကံလည်းအဲလိုပါပဲ။ နာကျင်မှုတွေပဲသိလား။ *
* ဒါပေမယ့် ကိုယ် အဲနာကျင်မှုတွေကို ကိုယ်ရင်ဆိုုင်သွားမှာ.....ဘာလို့ဆို မင်းကိုအရမ်းချစ်မိနေလို့...😊 *
လို့ ထက်တွေးနေရင်း ဒီနေ့တော့အတန်းမတက်ဖြစ်တော့ဘူး။.....
--------x-------x-------x-----
💔
BẠN ĐANG ĐỌC
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
