Part-13 (Unicode)

1.8K 115 1
                                        

{ အရိပ်တကြည့်ကြည့် }

"အဲလိုပင်ကီ အရမ်းချစ်မိသွားတဲ့ မိန်းကလေးက
ဟေမာန်ပဲ.....သိရဲ့လား" လို့ ပင်ကီက ခံစားချက်တွေဖွင့်ပြောလာတော့။

ဟေမာန်ကတော့ မျက်လုံးလေးဝိုငး်ပြီးနားထောင်ကာ အံသြပြီး ဘာမှလည်းမတွေးတတ်တော့သလို ဘာမှလည်းမစဉ်းစားတတ်တော့ဘူး။ သူရဲ့ညီမလေးလိုချစ်ရတဲ့ ကလေးလေးက ဖွင့်ပြောနေတာကို။

ဘယ်လိုတုံပြန်ရမလဲဆို အသွေးအသားထဲကကိုမသိတော့တာပါ။ ပုံမှန် သူ့စိတ်လိုသာဆို အခြားကောင်မလေးတစ်ယောက်ကသာ လာပြောရင် ပစ်ပစ်ခါခါ မုန်းတီးပြီးငြင်းမိမှာအသေအချာပါ။ ကိုယ့်ရဲ့first loverရဲ့လှည့်စားခဲ့သမျှကိစ္စတွေအောက်မှာ
လည်စင်းခံခဲ့ရတဲ့ ဟေမာန်အတွက် ကတော့ lgbtအသိုင်းအဝိုင်းဆိုတာ သူ့အတွက်introမကောင်းခဲ့တော့ ရွံပြီးမုန်းတီးနေတာပါ။

အခု သူ့ရဲ့ တစ်ဦးတည်းသော babeလေးက သူ့ကိုမိန်းကလေးချင်းအနေနဲ့ချစ်မိနေတယ် ဆိုတဲ့အဖြစ်ကို ဟေမာန်ရဲ့ဦးနှောက်ကလက်မနိုင်ပေမယ့်။ ရင်ထဲကတော့ ခလေးရဲ့ ရင့်ဖွင့်စကားလေးကို မငြင်းရက်လိုက်နိုင်ပါဘူး....။

ဒါမယ့် ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ပေါ်လိုက်လေ့ရှိတဲ့ ထက်မြတ်လှတဲ့ဟေမာန်ရဲ့ သဘာဝအတိုင်း နှလုံးသားရဲ့ဆန္ဒကို မေးခွန်းမထုတ်မိပဲ တုံပြန်လိုက်မိတာက....

"ဘာ....!! ပင်ကီ နင်ကဘာကြီးလဲ?"😧

*ဟေမာန်ဆီကထွက်မဲ့စကားတွေဟာ ပင်ကီရင်ကိုနာကျင်စေမှာကြိုသိနေပါတယ်။ အခုလည်း ဟေမာန်ရဲ့တုံပြန်ချက်က...*

(ပင်ကီ မထိန်းနိုင်ပဲမျက်ရည်တွေကျလာတယ်)

" အ-ဟင့်....တော င်း~ပန်~ပါ~တယ်-~"

" ငါ ဒီစကားကိုမကြားဖူးပဲ သိထားလိုက်မယ် ။ ငါသွားပြီ" ဆိုပြီး
ဟေမာန်ရဲ့ ခပ်ပျက်ပျက်စကားသံလေးထွက်လာပြီးနောက် ချက်ချင်းထထွက်သွား ဟေမာန်ကျောပြင်လေးကို ငေးရင်း ပါးပြင်းပေါ်မှာမျက်ရည်တွေက မထိန်းနိုင်ပဲ တသွင်သွင်စီးကျနေတယ်။

*မိန်းကလေးဖြစ်နေလို့ မိန်းကလေးဖြစ်နေတဲ့ မဟေမာန်ကို ပင်ကီချစ်ခွင့်မရှိဘူးလားဟင်*

* မ ကို ချစ်တယ်လို့ တောင် ဖွင့်ပြောခွင့်မရှိဘူးလားဟင် *

* ပထမဆုံးချစ်သူနဲ့ အချစ်ကိုတူတူခံစားလို့မရတော့ဘူးလား *

~~~~~~

ဟေမာန် ဘယ်လိုမှလက်ခံလို့မရဘူးလို့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေက တားစီးနေတော့ ဟေမာန်ရဲ့နှလုံးသားလေးက ပင်ကီဆိုတဲ့ကောင်မလေးသာ ပျောက်ကွယ်သွားရင် ဘယ်လိုနေမလဲ၊ ပင်ကီဆိုတာ ဟေမာန်အတွက်ဘယ်လိုလဲ ဆိုတာကို မခံစားကြည့်မိပါဘူး။

ဒါပေမယ့်လေ အခုလမ်းတစ်လျှောက် ဟေမာန်ငိုနေတာတော့မဟုတ်ပေမယ့် မျက်ရည်လေးတွေစီးကျနေတယ်။ ဘာလို့လဲသေချာမသိပါဘူး။ သူ့ကို lgbtနဲ့ပတ်သတ်ပြီး မကောင်းတဲ့အတိတ်တွေပေးခဲ့တဲ့ exကြောာင့်လား။ ပင်ကီရဲ့ ငိုနေတဲ့ ပုံစံလေးတွေကိုမြင်မိတာကြောင့်လား ဟေမာန်မသိပါ။ ခေါင်းထဲမှာတော့ ပင်ကီအကြောင်းတွေပဲပေါ်နေတယ်။
*ပင်ကီ အရမ်းချစ်မိနေတဲ့ ကောင်မလေးက
မဟေမာန်ပဲ *....

ပင်ကီကတော့ မနေ့ကဟေမာန်ပြန်သွားကတည်းက ငိုလိုက်ရပ်သွားလိုက်နဲ့ ညနေလောက်တည်းကအိပ်ပျော်သွားတာ ဆေးလည်းမသောက်ဖြစ်တော့ မနက်ရောက်တော့ ကိုယ်ပူကလုံးဝမကျပဲ စောင်လေးထဲမှာကွေးပြီးတစက်စက်တုန်ပြီး ကွေးနေရတယ်။ Sat,Sunဆိုတော့ ကျောင်းမရှိလို့တော်သေးတာပေါ့။

အဘွားက မသက်သာမှန်းသိလို့ doctor ခေါ်ပြီး ဆေးတောင်ထိုးပေးပြီး အားဆေးပုလင်းပါ ချိတ်ထားလိုက်ရတယ်။ ပင်ကီကလည်းခံနိုင်ရည်သိပ်မရှိတော့.....

"ခဏလောက် အိမ်မှာအနားယူခိုင်းလိုက်ပါ။ သောက်ဆေးတွေလည်းပေးထားတော့ မကြာခင် အကုန်ပြန်ကောင်းလာမှာပါ"လို့တရာဝန်ကပြောတယ်။...

~~~~~~~
ဟောမာန် ပင်ကီနဲ့ အရင်ကအကြောင်းတွေပြန်စဉ်းစားနေမိတယ်။ အရင်က ပျော်ခဲ့တဲ့အချိန်တွေကိုပေါ့။ ဟေမာန်ကတော့ ပင်ကီကို ညီမလေးလိုပဲချစ်ခဲ့တာပါလို့ အခိုင်အမာယုံကြည့်နေတယ်။ စဉ်းစားရင်....ဟေမာန်က ပင်ကီကိုပေးခဲ့တဲ့ kissအကြောင်းလည်းရောက်ရော.....(ဟေမာန်ရင်နည်းနည်းခုန်နေတယ်)

*အဲတာ ငါ့1st kissကို အဲခလေးကိုပေးလိုက်ရသလိုပဲ😑,ငါကstraightမို့လို့ရိုးရိုးသားသားပေးလိုက်တာကို ငါ့ဘက်ကလည်း အနေအထိုင်မဆင်ခြင်လို့ အဲခလေး တခြားစိတ်တွေဝင်သွားတာဖြစ်မယ်*
*😖😖မသိတော့ဘူး...ခေါင်းရှုပ်တယ်...*

Sat, Sunမှာ ဘယ်သူမှအဆက်အသွယ် မလုပ်ဖြစ်ပေမယ့် နှစ်ယောက်စလုံးတစ်ယောက်အကြောင်းတစ်ယောက်တွေးနေကြတယ်။.......

------x------x--------x-------

အရိပ်တကြည့်ကြည့် ( Series- 1) Unicode+ZawgyiWo Geschichten leben. Entdecke jetzt