{အရိပ်တကြည့်ကြည့်}
*ဒီကောင်မလေး ဘာဖစ်သွားပါလိမ့် တွေ့တုန်းကအကောင်းပါ အခုမှကိုယ့်ကိုစိတ်ဆိုးပီး ဒီကလေးငိုပြီး ထွက်သွားတယ်ကြည့်ဦး ဘာမှလည်းမလုပ်ပဲနဲ့ ခက်တေါ့တာပဲ* ဟေမာန်တွေးနေမိတယ်။
အဲကောင်မလေးကိုနေတာမြင်တော့လည်း စိတ်တော့မကောင်းသား ။ ကိုယ့်ကြောင့်ဖြစ်တာလား? ဘာတဲ့ သူ့ကိုသူငယ်ချင်းမရှိလို့ စကားလာပြောတာတဲ့။ သူ့ကိုမခင်ဘူးထင်နေလို့နဲ့တူတယ်။ မခင်ဘူးထင်ရအောင်လည်း ဘာမှလည်းမလုပ်ရပါပဲနဲ့။ ဒါမဟုတ် အပြန်တုန်းက ငါနဲ့တူတူပြန်ဖို့စောင့်နေတာများလား?
ငါလည်း ကိုနဲ့ သိပ်ပီးမတွေ့ဖြစ်တာများတော့canteenမှာ juiceလေးသောက်ရင်း ခဏလေးထိုင်းစကားပြောနေတာပါ။
ကိုဘုန်းသီဟက ကျွန်မရည်းစားပါ။ ရည်းစားလို့မထင်ရအောင်ကို ကျွန်မတို့အတွဲကတော်တော် အေးဆေးနေတတ်တာပါ။ တွဲနေတာ ရလရှိပီ dateဆိုလို့ တစ်ခါပဲdateဖူးသေးတယ်။ ကိုဘုနး်ကို ချစ်လို့တွဲနေတာလားဆိုတော့လည်း သူကတွဲဖို့ရည်စားစကားလာပြောတုန်းက စဉ်းစားမိတာ သူကတွဲ့ဖို့အဆင်ပြေလောက်တဲ့လူစားမျိုးလေ။ ကျွန်မအပေါ် သဘောလည်းကောင်းပါတယ်။ လေးစားမှုလည်းရှိတယ် နားလည်းမှုလည်းရှိတယ် အဲတာကြောင့်တွဲဖြစ်ခဲ့တာပါ့။ ကိုယ်ထိလက်ရောက်ကျူးလွန်ဖူးတာဆိုလို့တောင်တစ်ခါပဲရှိတယ် 6mnth anniတုန်းက ပါးကိုတစ်ခါလာနမ်းတာပါ။ အဲတုန်းက ကျွန်းမနည်းနည်းစိတ်ထဲကသီ သလိုဖြစ်သွားတော့ ကိုဘုန်းကပြန်တောင်းပြန်ပီးနောက်ဆို ကျွန်မခွင့်ပြုချက်ရမှလုပ်ပါ့မယ်တဲ့။ အဲလိုကောင်းတဲ့လူစားမျိုးမို့လို့တွဲမယ်လို့ပြောလိုက်မိတာပါ။
ညဘက်အိပ်ဖို့လုပ်နေရင်းနေ့လည်က ဟိုကလေးလေး ငိုပီးထွက်သွားတာလေးပြန်သတိရလာပြန်ပီ။ ကလေးကဘာဖစ်နေတာလဲ အဆင်ကောပြေရဲ့လားမသိဘူးနော်။ ဒင်းလေးကိုအာရုံတော့စိုက်မိနေတယ်။ သူငယ်ချင်းကလည်းခပ်ရှားရှားကို။ သူ့ဆီက ဖုန်းနံပါတ်တောင်မတောင်းမိဘူး ဘယ်လိုဆက်သွယ်ရပါ့မလဲ?
အဲကလေးလေး ရီတော့ရီတယ်။ ပထမဆုံးlibမှာစာလုပ်နေ့တဲ့နေ့က ကိုယ့်ကိုလာလာပီးစိုက်ကြည့်လိုက် ခိုးကြည့်လိုက်နဲ့။ ရုပ်လေးကချစ်စရာလေးပါ။ နောက်busပေါ်မှာလည်းသတိထားမိပြန်တယ် အမြဲတမး်phပဲတစ်ချိန်လုံးသုံးနေတဲ့ဟာလေး။ ကိုယ့်ကိုမြင်ရင် စိုက်ပဲကြည့်နေတာ။ ကိုယ်တောင်အနေခက်တယ်တစ်ခါတစ်လေ ပြန်စိုက်ကြည့်နေပေးလိုက်တယ်။
သူက စာကြမ်းပိုးတွေလိုပုံတုံးတုံးကြီးလည်းမဟုတ်။kpopper styleအပြည့်နဲ့ချစ်စရာလေးပါ။ နာမည်က ပင်ကီနဲ့နာမည်နဲ့လိုက်အောင် တွေ့လိုက်ရင်ပန်းရောင်တောထဲကကို မထွက်ဘူး။
ဟိုတစ်ခါတုန်ကလည်းရှက်ပြာရှက်ပြာနဲ့ လူလာနေတာလည်းမမြင်, အောက်ကတုံးကိုလဲမမြင် ချော်လဲလို့ ဆွဲထားပေးလိုက်ရသေးတယ်။ အသည်းတောင်ယားတယ် သူ့အကြောင်းတွေးရတာ။
ကျွန်မက အိမ်မှာတသ်ဦးတည်းသောသမီးလေ။ ကျွန်မပြောတာနားထောင်တတ်တဲ့ချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်လောက်လိုချင်မိတာ။ ဒီကလေးလေးကိုညီမလေးလိုတကယ်သံယောစဉ်ရှိမိတာပါ။ အဲတာကိုသူ မသိလူု့များလား? ဒီကလေးဘာဖြစ်တာလဲမေးကြည့်ရဦးမှပဲ။
----/----/----
Sat,Sunမှာ ဟေမာန်ကိုမတွေ့ရတော့ သူ့ကိုလွမး်တော့လွမ်းမိသား။ ပင်ကီ လွမး်လို့မရတဲ့လူသားမျိုးပါ။ လွမး်လို့မဖြစ်ဘူးဆိုပီး တစ်ခါတစ်လေ မျက်ရည်ကကျလာမိသေးတယ်။ ဟေမာန်ကိုမတွေးမိအောင်နေရင် အခန်းတွင်းပုန်းပီး KdramaတွေAnimeတွေထိုင်ကြည့်နေမိတယ်။ လွမ်းရတဲ့ရက်ကိုအဲလိုပဲကျော်ဖြတ်ခဲ့ရတယ်။
Mondayရောက်တော့ alarmကိုအစောကြီးပေးထားပီးမြန်မြန်ပြင်ဆင်bus stopကိုအမြန်သွားရပြန်တယ်။ အိပ်ရေးအရမ်းမက်တဲ့ ပင်ကီခုတော့ခံပေါ့။ ဟေမာန်နဲ့တည့်တိုးရင် မျက်နှာချင်းမဆိုင်ရဲလို့ စောစောထွက်လာတာပါ။
ကျောင်းရောက်တော့canteenမှာ ထိုင်ရင်းငူငူကြီးဖြစ်နေတာနဲ့ ice coffeeတစ်ခွက်မှာသောက်ရင်း အတန်းတက်ဖို့အားတင်းထားရတယ်။
-----/-----/------
ဟေမာန်ဟိုကလေးကို bus-stopမှာစောင့်မယ်ဆိုတဲ့အတွေးဝင်လာတာနဲ့နည်းနည်းလေးစောစောကြိုထွက်လာခဲ့တယ်။ ကိုယ့်မှာစောင့်နေရတာ သူလေးကမလာမလာနဲ့။ အတန်းတက်ဖို့အမှီသွားရတော့မယ်ဆိုပီး တစ်ယောက်တည်းသွားလိုက်ရတယ်။ သူလေးကျောင်းမလာလို့များလား??
--------x--------x--------x---
YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
