{ အရိပ်တကြည့်ကြည့် }
ပင်ကီ မနေ့က အချစ်စွမ်းအာတွေကြောင့်လို့ပြောရမလား...နေပြန်ကောင်းလာတော့ ဒီနေ့ထုံးစံအတိုင်း ဟေမာန်နဲ့တူတူကျောင်းသွားပြီး ကျောင်းပြန်တက်ပြီလေ....
ကျောင်းက အပြန်မှာ....
" မ ဒီနေ့လည်း..ပင်ကီလာခဲ့မယ်😁..."
" သူများအိမ်က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတယ်များ ထင်နေလား....😏 "
" လာချင်တယ်....😒"
" လာပြီးဘာလုပ် ချင်သေးလို့လဲ....ဉာဏ်နီဉာဏ်နက်တွေထုတ်ပါဦး....😌 "
(ဟေမာန်ကအကွက်တွေသိပြီးသား..)
" ရုပ်ရှင်ကြည့်မယ်....တူတူ..နော်..နော်.."
" ကိုယ့်အိမ်မှာကိုယ်ကြည့်ပေါ့...😌 "
" မုန့်စားရင်းကြည့်မယ်...နော်လို့..."(ပင်ကီရဲ့ရှိသမျှအစွမ်းတွေ ထုတ်ပြီးချွဲနေတာ)
" ကိုယ်က စာလုပ်မလို့စဉ်းစားထားတာ...😌"
အမှန်တော့ ဟေမာန်လည်း ပင်ကီနဲ့တူတူနေရတာကြိုက်တယ်...အဲခလေးရဲ့ဂရုစိုက်မှုလေးတွေ ချစ်စရာကောင်းအောင်ကပ်ချွဲနေတာလေးတွေ ခံချင်လို့ တမင်ကိုချေနေတာ...
" movie ကြည့်ပြီးရင်လုပ်မယ်..😁"
" အမလေးဟယ်....စာလုပ်မယ်ဆိုပြီးလာတာတောင် စာမလုပ်ဖြစ်တာ..ရုပ်ရှင်ကြည့်ဖို့လာမှတော့ ရှင်လေးကစာလုပ်မှာကျလို့😐 "
" တော်ပီကွာ...မခေါ်ချင်လည်းနေ..လာဘူး..😒"
" ကိုယ်က လာလို့ပြောမလို့ပဲရှိသေးတယ်...ပင်ကီက မလာချင်တော့ဘူးလို့ ပြောင်းသွားတော့လည်း ကိုယ်ကဘယ်တတ်နိုင်ပါ့မလဲ😔 "
" 😳လာမှာ....လာမှာလို့.. "
" မေမေလည်းညနေအိမ်မှာမရှိဘူး...လာချင်လာခဲ့ပေါ.့....😌"
" ဟီး....လာမှာ..အိမ်ပြန်ပြီးအဝတ်လဲပီးလာခဲ့မယ်..😁"
" အွန်း...😂 "
အဲလိုနဲ့ ပင်ကီကအိမ်ကိုခဏပြန်သွားတယ်.....
~~~~~
ပင်ကီ လမ်းထိပ်က မုန့်ဆိုင်မှာ မုန့်တွေ အစုံဝင်ဝယ်ပြီးတော့...
ВЫ ЧИТАЕТЕ
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Подростковая литература[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
