Part-14 (Unicode)

1.8K 112 1
                                        

{ အရိပ်တကြည့်ကြည့် }

ဒီအတောအတွင်း ပင်ကီအခန်းအောင်းနေပြီး ဆုံးဖြတ်ချက်ချလိုက်တာက
•ပင်ကီ လေ နေမကောင်းဖြစ်နေတာ ဆေးလည်းခါးမှာမကြောက်တော့ပဲသေချာသောက်မယ်။
•Mondayကျရင်ကျောင်းတက်လို့ရအောင် အဲတာမှ မဟေမာန်နဲ့တွေ့ရမှာမို့လို့။
•အခု ပင်ကီစိတ်ကို ဆုံးဖြတ်ပြီးပြီ။ မလည်း ပင်ကီကို ချစ်သူတစ်ယောက်လို ချစ်လာအောင်ကြိုးစားမလို့။
•မကြိုးစားကြည့်ပဲ ပင်ကီဘယ်တော့မှလွယ်လွယ်နဲ့ လက်မလျှော့ဘူး။
•ဘာလို့လဲဆိုတော့ ဒီနှလုံးသားကတောင့်တနေတဲ့ သူက မဟေမာန်ပဲမို့လို့။

ပင်ကီ Monday မနက်ရောက်တော့တက်ကြွစွာနဲ့ အစောကြီးထပြီး ဟေမာန်နဲ့တွေ့ဖို့ အားကုန်မွေးနေတာလေ။ ဟေမာန်နဲ့တွေ့ဖို့နည်းနည်းတော့ရှက်နေတယ်။ မ ကိုဖွင့်ပြောထားတာဆိုတော့။ ကိုယ်ပူတော့နည်းနည်းရှိသေးပေမယ့် စိတ်ကအရမ်းတက်ကြွနေတော့ အဘွားကတောင်အိမ်မှာနားနေပါဦးလို့ပြောတာတောင် မရဘူးလေ။

နည်းနည်းစောစော ထွက်လာလိုက်တာ ရနာရီမခွဲခင် ၁၀မိနစ်လောက်ရောက်တော့ နည်းနည်းတောင်မာန်တက်ချင်သွားတယ်။ အိပ်ရာထနောက်ကျနေတဲ့သူက စောနေလို့။

ရောက်ရောက်ချင်းပင် ဟေမာန်အိမ်ကထွက်လာတာမြင်တော့ အရမ်းကိုပျော်သွားတာ။

~~~
ဟေမာန် အခုတလော ဟိုကလေးနဲ့မျက်နှာချငိးမဆိုင်ချင်သေးဘူး။ သူ့ကို ဘယ်လိုတုံ့ပြန်ရမလဲမသိသလို။ သူနဲ့ဆိုဘယ်လိုနေရမလဲ မသိဘူးဖြစ်နေတာ။ အာ့ကြောင့်ဘသူ့ကိုအတတ်နိုင်ဆုံးရှောင်မယ်ဆိုပြီး နက်နက်စောစောထွက်လာတာ။ ဒင်းလေးကိုမစောင့်ပဲ ကိုယ့်ဟာကိုသွားဖို့ဆိုပြီး။

လမ်းထိပ်မှာကောင်မလေးတစ်ယောက် ဟေမာန်ကိုစိုက်ကြည့်နေတာမြင်တော့ သေချာကြည့်လိုက်တော့ အဲအိပ်ပုတ်လေးက ဝီရိယကောင်းပြီးအစောကြီးရောက်နေတာကိုး။ *သေလိုက်ပါတော့ ဟေမာန်ရေ*😣

နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့တော့ နည်းနည်းတော့အနေခက်နေကျတယ်
"....မ! "

" ပင်..ကီ"

"ဟီး...ဘာလုပ်နေတာလဲ..သွားမယ်လေ"

အရိပ်တကြည့်ကြည့် ( Series- 1) Unicode+ZawgyiМесто, где живут истории. Откройте их для себя