{ အရိပ်တကြည့်ကြည့် }
ပင်ကီနဲ့ဟေမာန်နဲ့ အခုဆိုအရမ်းကိုရင်းနှီးနေကျပြီ။ ကျောင်းသွားရင်လည်းအတူတူ, ပြန်ရင်လည်းအတူတူနဲ့ အခုဆိုခင်တာတစ်လတောင်ပြည့်တော့မယ်။ ပင်ကီရဲ့ဟေမာန်ပေါ်ကိုထားတဲ့အချစ်ကလည်း တစ်စတစ်စပိုမိုကြီးထွာလာပေမယ့် ဟေမာန်ကအဲလိုမျိုးဆိုရွံတယ်လိုပြောထားတာရှိတော့ ရင်ထဲကခံစားချက်အမှန်ကို မပြောပဲသိမ်းထားရတယ်လေ။ ဟေမာန်နဲ့ အခုလိုရင်းနှီးနေတဲ့ဆက်ဆံရေးကိုပျက်သွားမှာလည်းကြောက်တာကို။ ဟေမာန်လည်းသူ့စိတ်ထဲမှာတော့ ညီမအရင်းလေးလို့ အရမ်းကိုသံယောစဉ်တွယ်နေတာပါ။
ကျောင်းကနေ့လည်ထမင်းစားချိန်မှာတစ်ခါတစ်လေ ထမင်းတောင်တူတူစားနေကြပြီ။ အခုလည်းနေ့လညမင်းစားချိန်ထမင်းတူတူစားကြရင်း
"Babe...အဲTomboyလေး ပင်ကီနားလာကပ်နေတာကြာပြီနော်" ဟေမာန်ကပြောလိုက်တာ
"အွန်း....ပင်ကီကတော့ဒီလိုပါပဲသူငယ်ချင်းလိုခင်တာပါ"
"ပင်ကီကရိုးရိုးသားသားခင်တာသိပါတယ်...သတိတော့ထားနေပေါ့"
"😁ပင်ကီ က မနဲ့ပဲနေမှာစိတ်မပူနဲ့"
"စကားကလည်း တတ်လိုက်တာ လူလည်မလေး, ပြီးရင်ကြိုက်တဲ့ကောင်လေးတွေ့သွားရင် မကိုတောင်လှည့်မကြည့်ပဲ တကောက်ကောက်ပါသွားမှာသိသားပဲ"😏
"ဟွန်း...ပင်ကီကကောင်လေးတွေမကြိုက်တတ်ပါဘူး"😒
"ဘာလဲ adjushiတွေကို ကြိုက်တာလား😛"
"ဟာ...ပင်ကီကကလေးလိုနေတာ😌ဘယ်ယော်ကျ်ားလေးမှမကြိုက်ဘူး"
"ဟုတ်ပါပြီ..ခလေးရဲ့....ပြီးမှသူကြိုက်တဲ့သူပေါ်လာမှ........တွေ့မယ်..😏"
"ကြိုက်တဲ့သူကရှိပြီးသား....😌"
😳*crushတဲ့သူရှိတယ်ပေါ့*
သူတို့စကားပြောနေတုန်း ထက် ကဖျက်ပြီး
"ဟိတ်...ပင်ကီ..
.အော်...... မဆောင်းဟေမာန်နဲ့ပါလား"
ဟေမာန် *ထက်က ပင်ကီနားကပ်နေတာ စိတ်ထဲဘဝင်မကျသလိုပဲ*
"အွန်း...ထမင်းစားနေတာ"
YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
