အရိပ်တစ်ကြည့်ကြည့် { part - 4}
ပင်ကီဒီလိုနဲ့ကျောင်းတက်လာတာ semester တစ်ဝက်ကျိုးတော့မယ်။ ကျောင်းမှာclubတွေဝင်ဖို့ လာပီးမိတ်ဆက်ကြတာတွေ့တယ်။ ပင်ကီလည်းတစ်ခုတော့ဝင်ဦးမှလေဆိုပီးတော့ Free Hand Drawingဆိုတဲ့ clubကို joinဖစ်လိုက်တယ်။
"Thursday မှာ free hand drawimg clubက introduction & briefing ရှိတယ်နော်။ memberဝင်ထားတဲ့သူတွေ သုံးနာရီအရောက် XXX ကိုလာခဲ့ပါ " ဆိုပီး club organizer ကလာပြောသွားတယ်။..
ပင်ကီတော့ဒုက္ခရောက်ပီလေကျောင်း ကိုရေရေလည်လည်မသွားတတ်သေးဘူး။ အခုသွားရမယ့်အခန်းကိုလိုက်ရှာနေတာ။ အခုလည်း အောက်အထစ်ကိုမမြင်ပဲ ခလုပ်တိုက်မိတာ ချော်လဲတော့မလိုဖစ်ပီး ရှေ့ကလမ်းလျှောက်လာနေတဲ့ ကောင်မလေးပေါ်တိုက်ရိုက်ကျသွားတာပဲ။ ကံကောင်းတာပေါ့ ပင်ကီချော်မလဲသွားလို့။ အခုအခြေအနေက အရှေ့ကကောင်မလေးက ပင်ကီကိုလှမ်းထိန်းထားပေးသလိုမျိုးနဲ့ ပင်ကီကသူ့ရင်ခွင်ထဲရောက်ပီးဖက်မိသလိုဖစ်နေတာ။ အခုမှာအပေါ်ကိုခေါင်းထောင်ပီးကြည့်မိတော့ omg ပင်ကီရဲ့ ဟေမာန်ဖြစ်နေတာ။ အံသြပီး မျက်လုံးက၂ဆလောက်လောက်ကျယ်သွားတယ်ထင်ရတယ်။ မျက်နှာချင်းတော်တော်လေးကိုနီးကပ်နေပီး ပင်ကီရင်တွေခုန်နေတာသတိထားမိတော့ ချက်ချင်းပြန်ခွာလိုက်မိတယ်။
" ရှက်ပြာလေးပဲ "
" ရှင် "
" လမ်းသွားတာသေချာသွားလေ အောက်ကိုကြည့်သွားတာမဟုတ်ဘူး ချော်လဲပီမလား " လို့မဟေမာန် ကပြောတော့
" ပင်ကီက အခန်းလိုက်ရှာနေလို့ ကို " သူ့ကို မျက်စောင်းထိုးပီးကြည့်မိသွားတယ်။
" ကဲ ဘယ်အခန်းရှာနေတာလဲပြော "
" အဲအခန်းXXX, drawing clubကိုသွားမလို့ ဟေမာန်သိလား"
" ဟင် ကိုယ့်နာမည်ကို ရှင်လေးကဘယ်လိုသိ? "
အော် ပင်ကီအဲကျမှသတိရတယ် မှားပြောမိသွားတာ ပင်ကီရှက်ပီးတော့
" ...အော်...ဟိုဟာ....ဆုပေး ပွဲ....အဲတုန်းက registerလုပ်ပေးတုန်းက....." မနည်း ပြန်ရှင်းပြလိုက်ရတယ်။
" အဲတာ နာမည်လေးတစ်ခါပြောလိုက်တာနဲ့ အဲတုန်းက လူနာမည်တွေအကုန်မှတ်မိတာလား။ Geniusကြီးပဲ...😮" ဆိုပီး စောင်းပြောနေသလိုနဲ့ ပင်ကီကိုပြောနေတော့ရှက်ပီး
" ပင်ကီ နောက်ကျနေပီအခန်းလိုက်ရှာလိုက်ဦးမယ်" ဆိုပီးစကားဖျက်ပီး သွားမလို့လုပ်တုန်း
YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
