Part 1 (Unicode)

6.5K 236 0
                                        

{အရိပ်တကြည့်ကြည့် Part-1}

     ကျွန်မနာမည် ပင်ကီလို့ခေါ်ပါတယ်။ YTUကfirst yearကျောင်းသူလေးပါ။ ကျောင်းထဲကိုဝင်လာတာနဲ့ ကျောင်းသားကျောင်းသူတွေသူငယ်ချင်းကိုယ်စီနဲ့ စကားသံတွေရယ်မောသံတွေဆူညံလျက်ပါ။ ပင်ကီကတော့ လွယ်အိတ်တစ်လုံးစာအုပ်အပြည့် earphoneလေး နဲ့အနွေးထည်လေးကိုင်ပီးတစ်ယောက်တည်း ကျောင်းခန်းထဲကိုသွားနေကြပါ။

စာအုပ်အပြည်ဆိုလို့ စာကြမ်းပိုးလည်းမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိသလိုအေးအေးဆေးဆေးပဲနေတတ်တယ်လေ။ ပင်ကီကစကားကလည်းနည်းပြန်တော့။ သူငယ်ချင်းဆိုလို့ နည်းနည်းခင်တဲ့တစ်ယောက်လောက်ပဲရှိသေးတယ်။ အရမး်ခင်တဲ့သူငယ်ချင်းတစ်ယောက်တော့ရှိတယ် ဒါမဲ့သူကအခြားuniရောက်နေတော့ ပင်ကီတစ်ယောက်တည်းအထီးကျန်နေတာ။ ဒီလိုနဲ့ ပင်ကီ ဘဝတစ်လျှောက်လုံးဖြတ်သန်းလာတာ နေသားကျနေပါပီ။

ဒီလိုနဲ့ နေ့လည်ရောက်တော့အတန်းမရှိသေးတာနဲ့ libraryမှာ စာလေးနည်းနည်းကြည့်ဦးမယ်လို့စိတ်ကူးမိလို့ သွားထိုင်နေကြနေရာလေးကိုသွားလိုက်တယ်။ စာလုပ်ဖို့ စာအုပ်တွေထုပ်ပီး ဘေးကိုကြည့်မိတော့ ကောင်မလေး၂ယောက် စာလုပ်နေကြတယ်။ စကားပြောလိုက်စာလုပ်လိုက်နဲ့လုပ်နေကြတာ။ အဲထဲကကောင်မလေးတစ်ယောက်ကို ထူးထူးဆန်းဆန်း ပင်ကီမျက်လုံးထဲ သတိထားမိသွားတယ်။ ကောင်မလေးလို့သုံးရအောင် သူက ပင်ကီထက်ကြီးလားရွယ်တူလားတော့မသိဘူး။ အရပ်ကတူတူလောက် မဟုတ်ရင် ပင်ကီထက်ရှည်လောက်တယ်။ ဆံပင်လေးကကျောလည်လောက်ထိရှိတယ်။

အမှန်ဆို ပင်ကီကအခြားသူကိုသတိထားပီးမကြည့်တတ်ပါဘူး။ သူ့အပြုံးက ပင်ကီကိုတော်တော်သတိထားမိစေတယ်။ ပီးမှစာလုပ်ရဦးမယ်ဆိုပီး သတိကပ်ပီး ကိုယ့်ဘာသာသတိပေးလိုက်ရတယ်။ စာလုပ်နေတဲ့တစ်လျှောက်ဘယ်လိုမှန်းမသိဘူး သူ့ဆီမျက်စိကရောက်ရောက်သွားတာ။ အကြည့်ချင်းဆုံမိသွားတဲ့ခါကျတော့ သူကကြောင်ပီး ပြန်ကြည့်နေတယ် ပင်ကီက ရှက်ရှက်နဲ့စာပြန်လုပ်နေတာ။ဒီလို့နဲ့ အတန်းနောက်ချိန်တက်ရမယ့်ချိန်ရောက်တော့libကထွက်လာခဲ့ပီး အတန်းတက်ဖို့သွားရတာပေါ့။

ပင်ကီစိတ်ထဲမှာစွဲကျန်နေတဲ့ ကောင်မလေးအကြောင်း တစ်ခါတစ်လေတော့တွေ့တွေးမိပါတယ်။ ဒါမဲ့သူနဲ့ကျောင်းမှာတော့ထပ်မတွေ့ဖစ်သေးဘူး။ ပင်ကီက canteenမှာထမင်းစားရင်လည်းလူနည်းနည်းရှင်းတဲ့တစ်ဆိုင်ထဲမှာပဲထိုင်စားတတ်တယ်။ အားလို့နေတဲ့ချိန်တော်တော်များများကလည်းlibနဲ့အတန်းထဲမှာပဲဆိူတော့မတွေ့ဖစ်ဘူးလေ။ libနဲ့အတန်းထဲမှာပဲနေနေလို့စာကြမ်းပို့ဆိုပီးအထင်မကြီးပါနဲ့။

kdramaတွေAnimeတွေဒေါင်းပီး ထိုင်ထိုင်ကြည့်နေတာကို။ များသောအားဖြင့်အချစ်ကားတွေဟာသကားတွေများတယ်။ ပင်ကီအတွက်အချစ်ဆိုတာ မကြုံဖူးသေးလိူ့ထင်တယ် အချစ်ကိုမခံစားတတ်သလိုမယုံကြည်ဘူး။ ခံစားဖူးတဲ့ချိန်ရောက်ရင်တော့ယုံကြည့်ရင်ယုံကြည်လာမှာပေါ့။ ဒါပေမယ့် ပင်ကီလေ ယောကျာ်းလေးတွေနဲ့တွဲ့ကြည့်ဖို့ စဉ်းစားကြည့်သေးတယ် ပင်ကီဘယ်လောက်ချောချောရင်မခုန်ဘူးဖြစ်နေတယ်။ အာ့ကြောင့်ထင်တယ် ပင်ကီအချစ်ကို ခံစားလို့မရတာ။....

------x-------x--------x------

အရိပ်တကြည့်ကြည့် ( Series- 1) Unicode+ZawgyiWhere stories live. Discover now