{ အရိပ်တကြည့်ကြည့် }
ဟေမာန်က ပင်ကီနှုတ်ခမ်းလေးတွေကို ပြန်နမ်းနေတယ်.....အဲဒီနှုတ်ခမ်းဖူးဖူးလေးတွေက အနမ်းကိုလိုချင်နေမိတာ.....အချစ်က ရတဲ့ ချိုမြိန်မှုဆိုတာဒါမျိုးလား?....
.
.
ပင်ကီ ရဲ့ အောက်နှုတ်ခမ်းပါးလေးကို သာသာလေးစုပ်ယူလိုက်...အပေါ်နှုတ်ခမ်းလေးကို အသာလေးစုပ်လိုက်နဲ့...ဟေမန် ပေးတဲ့ အနမ်းတွေ ကိုခံယူနေရင်း....ဟေမာန်က သတိပြန်ဝင်လာတဲ့ပုံနဲ့ အနမ်းလေးတွေ ရပ်လိုက်တယ်။...
မျက်နှာလေးကတော့နီးကပ်လျက် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဝင်လေထွက်လေလေးတွေ ခံစားလို့ရနေတယ်....ပင်ကီက ဟေမာန်ရဲ့နှုတ်ခမ်းရဲရဲလေးတွေကို ကြည့်နေရာမှ ဟေမာန်ရဲ့မျက်ဝန်းလေးတွေဆီသို့ ပြန်စိုက်ကြည့်လိုက်ရင်း......" မ....ချစ်တယ်.....
ပင်ကီ.....မ ကို အရမ်းချစ်တယ်... "" ....."
" မဟေမာန်ရဲ့ နှလုံးသားကို ဖွင့်ချပြီး ပင်ကီ အပေါ်ထားတဲ့ ခံစားချက်လေးတွေ သေချာပြန်စမ်းစစ်ကြည့်ပါ.....ညမလေးလိုချစ်နေတာဟုတ်ရဲ့လားလို့...မဟေမာန်လည်း ပင်ကီလို ထပ်တူခံစားနေရတယ်မလား..ဟင်? "
လို့ ဟေမာန်ရဲ့ မျက်ဝန်းလေးတွေကို စိုက်ကြည့်ရင်းပြောနေတယ်.....
" ပ င် ကီ "
" ပင်ကီ မရဲ့ရင်ထဲကို အနမ်းတွေကနေ တစ်ဆင့်မြင်နေရတယ်....😊"
" ကိုယ် လည်း ကိုယ့်ကိုကိုယ်တောင် သေ ချာ မသိတော့ လို့ ပါ..... 😞"
" အချိန်ယူပြီး မရဲ့ခံစားချက်တွေရှိ ရှာကြည့်လေ..ပင်ကီက မ သိတဲ့ချိန်ထိ စောင့်နေပေးမယ်..
မ အနားမှာ အမြဲရှိနေမှာ....😁"" အပြောနဲ့ အလုပ်နဲ့တည်ပါစေ...ဒေါ်ပင်ကီ 😌"
" ဟင်....😒
အာ့ဆို ဟေမာန် က အဘွားကြီး😝 "ပင်ကီ က ကုတင်ပေါ်မှာပဲ ကုတ်ကုတ်လေးပြန်ထိုင်နေပြီးတော့ ဟေမာန်ကို ပြန်ပြောင် ပြနေတာ...
" အဲ အဘွားကြီးကို ချစ်တယ် လို့ ပြောနေတဲ့ ကောင်မလေးက ဘယ်သူလဲ..😏"အဲလို ဟေမာန်က ပြောလိုက်တော့ ရှက်ပြုံးလေးနဲ့ တခီခီရယ်နေတယ်....
" ရော့....ဆန်ပြုတ်စားဦး...အဘွားက လာချပေးထားတာ... ကိုယ်ပြန်တော့မယ် နောက်ကျနေပြီ...😖 "

YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...