{ အရိပ်တကြည့်ကြည့် }
" 😏အရမ်းတွေကို စပ်စုလွန်းလို့ ညစ်ပစ်တာ"
" အဲလိုလား တွေ့မယ်.." ဆိုပြီး ပင်ကီ
ဆက်ကနဲ ထလာတော့ ဟေမာန်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ခါ....ဟေမာန် ရဲ့ မျက်ဝန်းလေးကို ခပ်တည်တည်နဲ့ ကြည့်ပြီး သူ့ရဲ့လက်ချောင်းလေးတွေက ဟေမာန်ရဲ့ခါးသွယ်သွယ်လေးဆီ ဦးတည််ကာ..
ကလိထိုးလိုက်တယ်... 😛
ဟေမာန်မှာယားလွန်းလို့ ကုတင်ပေါ်မှာလူးလှိမ့်နေပြီး...ပင်ကီကတော့မလွှတ်ပေးဘူး ကလိဆက်တိုက်ထိုးနေတယ်...😝
" အား.....ယား....တယ်..."
" ပင်....ကီ.....တော်တော.့.. "
" အား.....ကိုယ်မော..လာပြီ..."
(ဟေမာန် အသံတွေကြီးပဲဆူညံနေတာ...ပင်ကီကတော့ အောင်နိုင်သူအပြုံးနဲ့ခွီနေတာ...)
အဲအချိန် ဟေမာန်မေမေ က တံခါးဖွင့်လိုက်ပြီး..
" ဟေမာန်ရယ်...အသက်ကလည်းမငယ်တော့ဘူး..အာပြဲကြီးနဲ့..ကြားလို့တောင်မကောင်းဘူးအေ..."
" သမီးကို ပင်ကီနှိပ်စက်နေလို့...😑"
"အေးပါဟယ်...မအော်နဲ့တိုးတိုးနေ..😒" လို့ဟေမာန်အမေက ကျိန်သွားတော့...
ပင်ကီ ကဘေးကနေ ဟေမာန်ကိုပြောင်ပြပြီး😝 ရယ်ပြနေတယ်...
မေမေလည်းထွက်သွားတော့....
" 😠ကိုယ့်ကို အဲလောက်ထိုးရလား..."
" ဟားဟား....ထိုးတယ်ဘာဖြစ်လဲ..သူများကိုညစ်တုန်းကလာညစ်ပြီးတော့...😝 "
အဲခလေးကြီးကို အသည်းတွေယားလို့ စိတ်ဆိုးချင်ယောင်ဆောင်ကာ...
" ကိုယ့်အမေက ကိုယ့်ကိုအသက်လည်းမငယ်ဘူး အာပြဲကြီးနဲ့လို့ပြောသွားတယ်...ပင်ကီလုပ်လို့😒.."
(ဟေမာန် ပင်ကီကိုမျက်စောင်းကြီး ထိုးပြီး စိတ်ဆိုးချင်ယောင် ဆောင်ကာ ပြောနေတာ..)
တစ်ခါတစ်လေကျတော့လည်း ဟေမာန်က ကလေးဆန်နေပြန်တယ်..
" ဟုတ်သားပဲကို..အသံဆိုးကြီးနဲ့အော်နေတာကို😝 " လို့ပင်ကီကပြောတော့ ပိုပြီးစိတ်ဆိုးချင်ယောင်ဆောင်ကာ...
" သွား...ကိုယ့်ကိုအသံဆိုကြီးလို့ပြောတဲ့သူကိုစိတ်ဆိုးတယ်.." ဆိုပြီး ကုတင်စွန်းလေးမှာ ပင်ကီကိုနောက်ကျောပေးပြီး စိတ်ကောက်ချင်ယောင်ဆောင် ကာထိုင်နေလိုက်တယ်.....
(ခပ်ချေချေနေတဲ့ ဟေမာန်က အခုတော့ အဲဟာမ လေးနဲ့တွေ့မှ ပေါပေါတောတောကြီးဖြစ်လိုက် ကလေးကြီးဖြစ်လိုက်နဲ့....သူ့ဟာသူတောင် မသိတော့ဘူးဖြစ်နေတယ်....)
YOU ARE READING
အရိပ်တကြည့်ကြည့် ( Series- 1) Unicode+Zawgyi
Teen Fiction[Season 1] အချစ်ကိုမယုံကြည်ပေမယ့် ဟေမာန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် love at the first sight နဲ့အချစ်ပေါ်ကျရှုံးသွားတဲ့ကောင်မလေးတစ်ယောက်။ ပထမဆုံးအချစ်မို့လို့ ပျော်ရွင်ကြည်နူးရတာလေးတွေလည်းရှိသလို အသည်းကွဲပြီးခံစားရတာတွေလည်းရှိတဲ့ ပင်ကီဆိုတဲ့ကောင...
