Part-7 (Unicode)

2K 139 2
                                        

{ အရိပ်တကြည့်ကြည့် }

အဲလိုနဲ့ ပင်ကီ ဟေမာန်ကိုရှောင်နေတာ wednesdayတောင်ရောက်နေပီပဲ။ နက်ဖြန်ဆို thursdayဆိုတော့drawing class ရှိတယ်လေ။ နည်းနည်းစိတ်မွန်းကျပ်တယ်လို့ထင်လို့ ညဘက် လမ်းထပ်က storeမှာ မုန့်သွားဝယ်ဖို့ထွက်လာခဲ့တယ်။ ဆိုင်မှာအာလူးကြော်ရယ် cokeရယ် ok! Ramenစားမယ်ဆိုပီးဝယ်ပီးငွေရှင်းဖို့လုပ်တုနး် အခုတလောရှောင်နေတဲ့ဟေမာန်နဲ့တည့်ကိုတိုးပါလေရော။

sportဘောင်းအရှည်လေးနဲ့ ကြယ်သီး ကော်လံအကျႌလက်ရှည်လေးကို လျော့တိလျော့ရဲဝတ်ထားပီး ဆံပင်လေးကို လျော့ရဲရဲလေးစည်းထားတဲ့free styleပုံလေးနဲ့တောင်မှ မ ကအရမ်းကိုမိုက်နေတာ။ ပင်ကီ အခုလို မကိုစိုက်ကြည့်နေမိပြန်ပြီ။ မကလည်းအံသြပြီးပြန်စိုက်ကြည့်နေတာ။ ဒီမတွေ့ရတဲ့၅ရက်လုံးလုံး မေ့ပျောက်အောင်နေမယ် ဝေးဝေးကနေမယ်လို့အားတင်းထားသမျှအကုန်ပျက်စီးသွားပြန်ပီ။

သတိပြန်ဝင်လာတော့ ချက်ချင်းငွေရှင်းပီးခပ်သွက်သွက် ဆိုင်ထဲကထွက်လာလိုက်တယ်။ မကလည်းနောက်နေ ပြန်လိုက်လာတာပဲ။

"ပင်ကီ" လို့ခေါ်ပီး ပင်ကီရဲ့လက်ကိုဆွဲကိုင်ပီး မဘက်ကိုဆွဲလှည့်လိုက်တယ်။ ပင်ကီ သောက်ကြာနေ့က ဖြစ်ခဲ့တာတွေသတိရပီးမျက်နှာပူနေတာပါ။ ကိုဘုန်းသီဟနဲ့ပတ်သတ်တဲ့ကိစ္စလည်း စိတ်ထဲမှာဒဏ်ရာမကျက်သေးပါဘူး။

" မ ကိုဘာလို့ရှောင်နေတာလဲ ပင်ကီ"

"ပင်ကီ မရှောင်ပါဘူး" လို့ပဲဖြေလိုက်တယ်။

"ကလေးစိတ်ထဲ မ ကိုဘာတွေမကျေမနပ်ဖြစ်နေတာလဲပြောလေ။"

" ပင်ကီဘာမှမဖြစ်ပါဘူး ဟိုနေ့က ပင်ကီစိတ်မထိန်းနိုင်ပဲပြောမိတာ sorryပါ"

"ဟေမာန်က လေ ပင်ကီကိုအရင်တည်းကသတိထားနေမိတာပါ။ busမှာလည်းခဏခဏမြင်နေရတော့မျက်မှန်းတမ်းမိပြီးသားဖြစ်နေတာလေ။ clubမှာတွေ့တော့ တကယ်ခင်ချင်လို့စကားလာပြောတာလေ။ ပင်ကီရဲ့, ကိုယ်ပြောတာမယုံဘူးလား?"

မ ပြောတာလေးကိုမျက်လုံးဝိုငး်ဝိုင်းလေးနဲ့နားထောင်နေမိတယ်။ မလည်း ပင်ကီလိုခံစားချက်တူနေပီလို့တွေ့မိလို့ ပျော်နေမိတာပါ။

အရိပ်တကြည့်ကြည့် ( Series- 1) Unicode+ZawgyiWhere stories live. Discover now