လည်း နဲ့ လဲ

2K 295 59
                                    

လဲ (အမေးကြိယာပစ္စည်း)

မေးခွန်းတွေအတွက်ဆိုရင် လဲ ကို သုံးရပါတယ်။

ဘယ်သွားမလို့လဲ

ဘယ်ကလာသလဲ

ဘာဖြစ်လို့လဲ

ဘာအဓိပ္ပါယ်လဲ


လည်း (နာမ်ထောက်ပစ္စည်း)

လည်း ကိုတော့ အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းတွေကို ဖော်ပြချင်ရင် သုံးပါတယ်။

သူလည်းလာမည်။ ငါလည်းလိုက်မည်။

စားလည်းအတူ၊ သွားလည်းအတူ။


ကိုးကား

မြန်မာစကားနှင့် မှားတတ်သော သတ်ပုံ

ဦးရဲဝေ (မြန်မာစာ)

********************************



A/N

မမွန် တတ်လွန်းလို့ လျှာရှည်တာမဟုတ်ပါဘူးနော်။ xD

အခုနောက်ပိုင်း ဆက်တင်သွားမယ့် အပိုင်းတွေဟာ ရေးခဲ့ပြီးသား ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေကိုသာ မှီငြမ်းကိုးကားပြီး တင်ပြသွားမှာပါ။

ကိုယ်ကိုတိုင်လည်း လေ့လာနေဆဲမို့ ကိုယ့်လိုပဲ လေ့လာချင်သူများအတွက် အနည်းနဲ့အများ အသုံးဝင်မယ်ဆိုရင် ကျေနပ်ပါပြီ။

မမွန်က မြန်မာစာကို ချစ်သလောက် သဒ္ဒါကိုကြောက်တယ်။ သတ်ပုံဆို မှားနေတုန်းပဲ။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကြိုးစားသင်ယူသွားချင်တယ်။ ကိုယ်ရေး ကိုယ်ဖတ်ဘ၀တုန်းက သိပ်စိတ်မပူပေမယ့် အခုလို reader တွေရှိလာတော့ အမှားတွေ ရေးမိမှာကို စိုးရိမ်လာတယ်။

သတ်ပုံတို့၊ သဒ္ဒါတို့ကို အရမ်းကြောက်နေရင်လည်း စာရေးရာမှာ အဆင်မပြေဖြစ်တတ်ပြန်ရော။ အဲဒီ့တော့ ဘာမှသိပ်စဉ်းစားမနေဘဲ ပထမဆုံး စိတ်လွတ်ကိုယ်လွတ်ရေးဖြစ်တယ်။ နောက်မှ သေချာပြန်ဖတ်၊ ပြန်စစ်ဖြစ်တယ်။

ငယ်ငယ်က မြန်မာစကားပြေသင်ခန်းစာတွေကို ချစ်ခဲ့သလောက် သဒ္ဒါ၊ သတ်ပုံ၊ ခက်ဆစ်ဆိုရင် အရမ်းစိတ်ညစ်တာပဲ။ အလွတ်ကျက်ရပေမယ့် ပျော်လည်းမပျော်ဘူး။ အခုတော့ idea လေးတစ်ခုရလို့ ဒီလိုမျိုးလေးတွေ တင်ဖြစ်သွားတာ။ စိတ်ဝင်စားသူတွေ အတူပါဝင်နိုင်ရင် ပျော်စရာကောင်းမယ့် အစီအစဉ်လေးပေါ့။ ဘာမှတော့ မဟုတ်ဘူး။ မှားတတ်တဲ့ သတ်ပုံလေးတွေ၊ တခြား မြန်မာစာနဲ့ ဆိုင်တာလေးတွေကို တစ်နေ့ နည်းနည်းနဲ့ အားလုံးအတူတူ လေ့လာသွားကြမလားလို့ပါ။ မမွန်အတွက်လည်း အပန်းမကြီးဘူးလေ။ ခေါင်းထဲပိုစွဲသွားအောင် လေ့လာပြီးသားလည်း ဖြစ်သွားတာပေါ့။ ဘယ်လိုသဘောရလဲ

အပေါ်မှာ ရေးထားခဲ့တဲ့ လည်း နဲ့ လဲ ရဲ့ အသုံးကွဲလွဲမှုကို နားလည်ကြရဲ့လားမသိဘူး။ နားလည်ရပိုလွယ်အောင် A/N မှာပါ Bold နဲ့ ရေးထားခဲ့တယ်။ ဒါဆိုရင် စိန်ခေါ်ကြည့်မယ်နော်။ ဟိ။ ရမလား။

လည်း ရော လဲ ပါ ပါတဲ့ ၀ါကျတစ်ကြောင်းကို Comment မှာ ရေးခဲ့ကြပေးပါလို့။ xD

ဝါကျက တစ်ကြောင်းတည်းဖြစ်ရမှာနော်။ 

စောင့်နေမယ်။

Love you.

Ma Mon


Dear Wattpad AuthorsWhere stories live. Discover now