အမှာစာ

19.7K 1.1K 21
                                    

Unicode နဲ့ ပြန်ဖတ်ချင်တယ်ဆိုသူလေးများအတွက်...

အားလုံးကို ချစ်ခင်‌လေးစားလျက်ပါ

မမွန်

၂၈.၀၃.၂၀၂၀

...........


မမွန် wattpad ကို ရောက်လာတာ စက်တင်ဘာဆိုရင် တစ်နှစ်ပြည့်ပါပြီ။

Wattpadက အတွေ့အကြုံတွေရယ်၊ အခက်အခဲတွေရယ်၊ စာရေးခြင်းနဲ့ ပတ်သက်တဲ့ မမွန်ရဲ့ ယုံကြည်မှုတွေရယ်ကို မျှဝေပါရစေ။

ပထမတော့ facebook မှာ ရေးမလို့ပါပဲ။

ဒါပေမယ့် account ပျက်နေတာနဲ့ ဒီမှာပဲ စာအုပ်လိုပုံစံလေးလုပ်ပြီး ရေးဖြစ်သွားတယ်။

ပထမဆုံးပြောချင်တာက မမွန်က ၀ါသနာအရ အပျော်တမ်း စာရေးသူတစ်ယောက်ပါ။ ဘာမှမဟုတ်ပါဘူး။

ဒီစာအုပ်မှာ ရေးမယ့်အကြောင်းအရာတစ်ချို့ကလည်း မမွန်ရဲ့အတွေးတစ်ချို့ပါ။

လက်ခံနိုင်သလို၊ ဝေဖန်နိုင်ပါတယ်။

အမှားပါမယ်ဆိုရင်လည်း ထောက်ပြကြပါ။ မှားကြောင်းဝန်ခံပြီး ပြန်ပြင်ပါ့မယ်။

wattpad မှာ sing up လုပ်ကတည်းက အဲဒီသူဟာ စာရေးတာ၊ ဒါမှမဟုတ် စာဖတ်တာ၊ ဒါမှမဟုတ် နှစ်ခုစလုံးကို ၀ါသနာပါလို့ပဲဆိုတာလောက်တော့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။

စာဖတ်တာ ၀ါသနာပါသူအတွက်ကတော့ အခက်အခဲဆိုတာ မရှိသလောက်ပါပဲ။ wattpad ကနေ လမ်းညွှန်ထားတဲ့ fictions ပေါင်းများစွာ recommandation မှာ ပေါ်နေတဲ့အပြင် ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာကိုလည်း tag တွဲရှာရုံနဲ့ ရှာတွေ့မှာပါ။

စာရေးသူများအတွက်တော့ wattpad မှာ နေရာတစ်နေရာစာ ရဖို့ဆိုတာ ကျယ်ပြန့်လွန်းတဲ့ Galaxy တစ်ခုထဲမှာ ကိုယ့်ရဲ့ကြယ်လေးတစ်ပွင့်ကို ထွန်းလင်းစေချင်သလိုပါပဲ။ သန်းပေါင်းများစွာသော စာရေးသူတွေကြားထဲမှာ ကိုယ်ရေးထားတဲ့ စာတစ်ပုဒ်၊ ဝတ္တုတစ်ပုဒ် စာဖတ်သူလက်ထဲ ရောက်ရှိဖို့ဆိုတာ ကတွတ်ပေါက် ဗျိုင်းစောင့်ရသလိုပဲလို့ ပြောလို့ရပါတယ်။

စာရေးသူတိုင်းဟာ feedback ဆိုတာလေးတွေကိုတော့ တောင့်တတတ်ကြတာ များပါတယ်။ ရေးထားပြီး ဘယ်သူ့ကိုမှ မဖတ်စေချင်သူတွေ ရှိနိုင်ပေမယ့် မမွန် သိသမျှဆိုရင်တော့ (မမွန်အပါအဝင်) စာရေးသူတိုင်းဟာ ကိုယ်ရေးထားတဲ့စာတွေကို ဖတ်ရှုပေးမယ့်သူ၊ ချီးကျူးပေးမယ့်သူ၊ positive thinking နဲ့ ဝေဖန်ပေးမယ့်သူတွေ ရှိစေချင်တာပါပဲ။

ဒါတွေနဲ့ပတ်သက်ပြီး မမွန် သိထားသမျှ၊ ဖတ်ရှုလေ့လာထားရသမျှထဲက အကြံဉာဏ်တစ်ချို့ကို ရေးသားဝေမျှပါရစေ။ ဒီစာအုပ်လေးဟာ wattpad မှာ စာ စရေးချင်သူများနဲ့ စာရေးနေသူများအတွက်ပဲ ရည်ညွှန်းထားတာမို့ မမွန်ရဲ့ တခြား reader လေးတွေကိုတော့ တောင်းပန်ပါတယ်။

အကြင်နာမွန်

၂၉.၀၈.၂၀၁၇

Dear Wattpad AuthorsWhere stories live. Discover now