ကိုယ့်ကိုယ်ကိုယ်

1.5K 204 30
                                    

ကိုယ်

သတ္တ၀ါ၏ခန္ဓာ၊ ကိုယ်ခန္ဓာ (နာမ်)

မိမိကိုယ်ကို ရည်ညွှန်းသောစကားလုံး၊ ကျွ န်ုပ် (နာမ်စား)

*******

မင်းကိုယ်ကို မင်း ဘာထင်နေလဲ ဟာ မင်းကိုယ်မင်း ဘာထင်နေလဲ နဲ့ အဓိပ္ပါယ်တူပါတယ်။

မိမိကိုယ်ကို မိမိ ကောင်းအောင်ကြိုးစားမည် ဟာ မိမိကိုယ်မိမိ ကောင်းအောင်ကြိုးစားမည် နဲ့ အဓိပ္ပါယ်တူပါတယ်။

မိမိ နေရာမှာ ကိုယ် ဆိုတဲ့ ပြောသူနာမ်စားကို အစားထိုးကြည့်ရအောင်။

(ငယ်လေးရေးတဲ့ Pro ထဲက Rain ခ ကိုသာ မြင်ကြည့်တော့နော့်။ သူကလည်း သူ့ကိုယ်သူ ကိုယ် လို့ပြောတယ်လေ။ xD )

ကိုယ့်ကိုယ်ကို ကိုယ် ကောင်းအောင်ကြိုးစားမည် ဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစားမည် ဖြစ်သွားပါလိမ့်မယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆိုတာဟာ သူ့ကိုယ်သူ၊ ငါ့ကိုယ်ငါ၊ နင့်ကိုယ်နင် တို့နဲ့ သဘောတူပြီး 'ကိုယ့်ကိုယ်ကိုယ်' လို့ ရေးမှ မှန်ပါမယ်တဲ့နော်။

************

A/N

ဒါက မမွန် ရှာလို့ ရသလောက်ပါ။ ကိုယ်တိုင်လည်း လည်နေလို့ နားလည်အောင် အထပ်ထပ်ပြန်ဖတ်ရင်း ကြိုးစားရေးထားတာပါ။ လိုအပ်တာရှိရင် ဖြည့်စွက်ပေးကြပါလို့။

Thankyou all.

Love u.

Ma Mon


Dear Wattpad AuthorsWhere stories live. Discover now