ပဲ နဲ့ ဘဲ

1.4K 232 14
                                    

ပဲ (အနက်စွဲအရေး)

ရည်ညွှန်းသောပုဒ်ကို လေးနက်စေသောစကားလုံး

စားပဲစားနိုင်လွန်းတယ်။

သွားပဲသွားနိုင်လွန်းတယ်။

ငါပဲ သူပဲ မယူစွဲနှင့်..တဲ့။ ရေးပဲရေးတတ်လွန်းတယ်ဗျာ။ (မြန်မာစာ မြန်မာစကား)


ဘဲ (ဖဲ ၏ အသံစွဲအရေး)

'မ' နှင့်တွဲဖက်၍ ဆန့်ကျင်ခြင်းအနက်ဖြစ် ၀ါကျအချင်းချင်းဆက်ပေးသော စကားလုံး

တစ်ညလုံး မအိပ်ဘဲ စာကျက်နေတာလား။

ပိုက်ဆံမပါဘဲ ဘယ်လိုဝယ်မှာလဲ။

စာမကျက်ဘဲ စာမေးပွဲဖြေမလို့လား။


ပဲ နှင့် ဘဲ ဥပမာ

မသိဘဲ မတတ်ဘဲ မလေ့လာဘဲ သူပဲ ငါပဲ မင်းပဲလို့ အပြစ်ဖို့နေရင် မှားမှာပဲ။ တကယ်တော့ တို့ အားလုံးဟာ လူသားတွေပါပဲကွာ

(မြန်မာစာ မြန်မာစကား)


ကိုးကား

မြန်မာအဘိဓာန်၊ မြန်မာစာ မြန်မာစကား

********************


A/N

အမေးများတဲ့ ပဲ နဲ့ ဘဲ ကို ဦးစားပေးလိုက်တယ်နော်။ နောက် မေးထားတာတွေကိုလည်း ကြိုးစားရှာပေးပါ့မယ်။

Thankyou.

Have a great day.

Ma Mon

Dear Wattpad AuthorsWhere stories live. Discover now