နိဂုံး

3.2K 588 47
                                    

နောက်ဆုံးပိုင်းအနေနဲ့ wattpad မှာ စာရေးနေသူအားလုံးအတွက် မမွန် ခံယူချက်လေးတွေ၊ အကြံဉာဏ်လေးတွေကို ဝေမျှပါရစေ။

18+/20+

မမွန် ကျောက်ခေတ်လူသားမဟုတ်ပါဘူးနော်။ chapter 10 ဆယ်ခုမှာ rated တစ်ခန်းလောက်ပါရင် လေချွန်ပြီးတောင် ဖတ်သွားနိုင်ပါတယ်။

တကယ်လေမချွန်ပါဘူး။ နောက်တာပါ။😁

ဇာတ်လမ်းတစ်ခုမှာ ၅၀ ရာခိုင်နှုန်းလောက်က sex ဦးစားပေးရေးထားရင်တော့ ဒါဟာ + စာပေပေါ့။

မမွန် + စာပေရေးတဲ့ စာရေးဆရာတွေကို မလေးစားတာ မဟုတ်ပါဘူး။ LGBT လောကက ဒါမျိုးရေးတဲ့ စာရေးဆရာတစ်ယောက်နဲ့ ခင်မင်ခွင့်ရတုန်းကလည်း တလေးတစား ဆက်ဆံခဲ့တာပါ။ မမွန်ခံယူချက်အတိုင်း စာရေးခြင်းအတတ်ပညာနဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ်တိုင်လည်း Rated တွေ ထည့်ရေးတာပါပဲ။ မိဘရိပ်မှာ မှီခိုသူမဟုတ်တာ ဆယ်နှစ်ကျော်နေသလို အမျိုးသားကိုလည်း တို့ Boylove ဝတ္တုတွေရေးမယ်။ Rated အခန်းတွေလည်း မရိုင်းအောင်ရေးထားတာတွေပါမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ ကိုယ်ဘယ်သူလဲဆိုတာကို ပတ်ဝန်းကျင်မှာ မသိပေမယ့် သိလာခဲ့ရင်လည်း ရင်ဆိုင်နိုင်တဲ့ အခြေအနေပါ။

အခု wattpad က ကျောင်းတောင်မပြီးသေးတဲ့ လူငယ်လေးတွေ ရေးနေတဲ့ + စာပေမျိုးကိုတော့ လုံးဝ(လုံးဝ) အားမပေးပါဘူး။

ကလေးတွေလို့ပဲ မျက်စိထဲမှာမြင်တယ်။ သူတို့မိဘတွေသာသိရင်လို့ တွေးမိတာနဲ့ ရင်နာတယ်။

စာအုပ်တစ်အုပ်၊ ဝတ္တုတစ်ပုဒ်ဆိုတာ စာရေးသူက မွေးဖွားထားတဲ့ ရင်နှစ်သည်းချာသားသမီးတွေပါ။ ကိုယ့်ရဲ့ကလောင်နာမည်နဲ့ ကိုယ်ရေးတဲ့စာဟာ စာဖတ်သူတွေ တွဲပြီးမှတ်မိနေမှာပါ။ မမွန်ရေ ကျွန်တော်၊ ကျွန်မတို့ကတော့ ဘာမှဂရုမစိုက်ဘူး။ အပျော်ရေးတာ။ ဒါမျိုးပဲရေးချင်တယ်ဆိုရင်တော့ good luck ပါ။ အတင်းလိုက်တားမယ့်သူတွေထဲမှာ မမွန် မပါပါဘူး။

အားလုံးဟာ ကိုယ့်သမိုင်းကိုယ်ရေးနေကြသူချည်းပါပဲ။

နောက်တစ်ခု အသိပေးချင်တာက wattpad ရဲ့ စည်းမျဉ်းစည်းကမ်းအရ Pornographic stories တွေကို တင်ခွင့်မရှိပါဘူး။ ဒါမျိုးတွေ့ခဲ့ရင် Report လို့ရပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ သက်ဆိုင်တဲ့ link ကို ရေးပေးထားပါတယ်။

Dear Wattpad AuthorsWhere stories live. Discover now