Tips&Tricks 4 (Uni)

889 114 1
                                    

"ဖြစ်ဖူးတယ်....မမွန်။

ခုချိန်ထိကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိသေးဘူးရယ်။OC ဆိုတာလေးတွေဖန်တီးချင်မိပေမယ့် ပထမဆုံးစရေးတာလေးကို ဖျက်ပစ်ခဲ့တဲ့အထိ ယုံကြည်မှုမရှိခဲ့တာ။

စာမူပြိုင်ပွဲတွေဆိုလည်း ဝင်ပြိုင်မယ်ဆိုပြီး ရေးပြီးမှ သူများရေးတာလောက်မကောင်းပါဘူးလေဆိုပြီး ဖျက်ပစ်ခဲ့တာရယ်။ ခု followerသုံးရာကျော်ရှိခဲ့တယ်။ Fanfic တွေချည်းရေးနေဖြစ်တာ။ ရေးချင်မိတာOC ဆိုပေမယ့်ပေါ့။ စာရေးသူတစ်ယောက်အနေနဲ့

ခုထိအားမရမိဘူး။ .စာဖတ်သူတွေကို ပေါ့ပျက်ပျက်ချပြနေမိသလိုဖြစ်နေမှာကိုသိပ်စိုးရိမ်မိတာရယ်။ 😀❤ "

Moe Wathone

*****************

"စိတ်ထဲရှိတဲ့ စာစုလေးတွေရေးထားတာတင်ဖို့ရှိတယ်😁 မတင်ရဲ့လို့😁 အရင် Grey _ Seven acc နဲ့ တုန်းက ဝတ္တုတိုတွေ fic တွေတင်ပါတယ် fic ကတော့ဖတ်တဲ့လူရှိပေမဲ့ မရေးဖြစ်တော့ဘူး။ မအားတာရယ် အပျင်းကြီးတာရယ် 😅 အဲ့တာနဲ့ normal ဝတ္တုတိုလေးတင်ကြည့်တယ် ဖတ်မဲ့သူမရှိလို့ အကုန် De လိုက်တယ် 😅 စိတ်ဓာတ်တွေကျ😅😅"

Hsue_Hman

***************

"ရေးလိုက်ဖျက်လိုက်ပါပဲ မမွန်ရေ တကယ်ဝါသနာပါတာက စာရေးတဲ့အလုပ်မို့ရေးကြည့်ချင်တယ် ဒါပေမဲ့ စိတ်ထဲကြောက်တာရော ဘာရောနဲ့မို့ ကိုယ့်ဖုန်းက Note လေးထဲမှာပဲ ကဗျာတိုစာတိုလေးတွေရေးတော့တယ် 😅 "

ဟန်နီမွန်မွန်

**************

"ဖုန်​း note ထဲမှာ​ရေးထားတဲ့ fic ​တွေအများကြီးပဲတစ်​ခုမှမတင်​ဖြစ်​ဘူး။ ​ကြောက်​လို့။ ညီမ​ရေးတဲ့စာကဖတ်​တဲ့လူအတွက်​ဘာမှမရလိုက်​ပဲအချိန်​ကုန်​​တာပဲအဖတ်​တင်​​တယ်​ဆိုတာမျိုးကိုအရမ်း​ကြောက်​လို့။ ပြီး​တော့ညီမဘာအ​ရည်​အချင်းမှမရှိ​သေးဘူး။ ပတ်​ဝန်းကျင်​ကလည်းကျဉ်းနေ​တော့အမြင်​ကျဉ်း​နေတယ်​​လေ။ အခုထိ wp မှာ reader ဘဝနဲ့ကျင်​လည်​​နေဆဲပဲ😁😁😁uni တက်​ရရင်​​တော့ပိုကျယ်​ပြန့်လာမှာပါ။ အခုသင်​တန်း​တွေပတ်​တက်​ စာလိုက်​သင်​​ပေး​နေတာနဲ့​​ဗဟုသုတ​တွေ plot​ တွေ​တော့ရတယ်။ ​​plot​ ပေါ်တိုင်းချ​ရေးထားတဲ့ဇာတ်​လမ်းအကျဉ်း​လေး​တွေ​ရော အဲ့အကျဉ်းတွေကိုအကျယ်​ချဲ့​နေတဲ့ဟာ​တွေ​ရော note ထဲပလူပျံ​နေတုန်းပါ😂😂

Dear Wattpad AuthorsWhere stories live. Discover now