ပြင်ဆင်ခြင်း

13.2K 868 31
                                    

ဒီအပိုင်းကတော့ ပထမဆုံးအကြိမ် wattpad မှာ စာ စပြီးရေးမယ့်သူတွေအတွက် ပြောပြချင်တာလေးတွေပါ။

စာရေးမယ်လို့ ရည်ရွယ်ထားရင်တော့ wattpad မှာ sing up လုပ်ပြီးတာနဲ့ user34525895759 ဆိုပြီး ဆက်မနေဖို့ အကြံပေးပါရစေ။ 😅

ကိုယ့်ရဲ့ ကလောင်နာမည်ကိုရွေးပြီး profile မှာ နာမည်ပြောင်းပါ။ နောက်ပြီး ကိုယ့်ရဲ့ personality နဲ့ကိုက်ညီမယ့်ပုံ၊ ကိုယ်သဘောကျနှစ်ခြိုက်မယ့်ပုံတွေကို profile picture နဲ့ background picture တွေမှာ စိတ်ဝင်စားစရာကောင်းအောင် တင်လိုက်ပါ။

ဒီ app အသုံးပြုသူအများစုဟာ နာမည်ရင်းနဲ့ မဟုတ်ပါဘူး။ နာမည်ရင်းသုံးမလား၊ nickname သုံးမလားဆိုတာကိုတော့ ကိုယ်တိုင် ဆုံးဖြတ်စေချင်တယ်။ profile description မှာလည်း ကိုယ့်အကြောင်းကို လာဖတ်သူတွေ သိရအောင် ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားစရာဖြစ်အောင် ရေးတာကောင်းပါတယ်။

စာသားတွေကို ကိုယ်ပြောင်းချင်တဲ့အချိန် ပြောင်းလို့ရတာမို့ စိတ်ပူစရာမရှိပါဘူး။ လာဖတ်သူတွေ တစ်ခါတည်း လန့်ပြေးအောင်တော့ မရေးနဲ့လေ.. နော်။ ဒေါသကြီးတယ်တို့၊ လာမဝေဖန်နဲ့တို့.. ဒါမျိုးတွေ ရေးထားရင် profile ထဲ ဝင်ကြည့်တဲ့လူက ကိုယ်ရေးထားတဲ့စာကို ဖတ်ဖို့နေနေသာသာ ကြောက်ပြီး ထွက်ပြေးသွားဦးမယ်။😉

နောက်ပြီး ကိုယ်ရေးမယ့် စာအုပ်ကို အစပြုတော့မယ်ဆိုရင်တော့ app အောက်ဆုံးမှာ ပေါ်နေတဲ့ ခဲတံပုံလေးနှိပ်ရုံပါပဲ။ add a cover, story title, story description ဆိုပေါ်လာပြီး ကိုယ့်စာအုပ်လေးကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးခွင့်ရှိပါပြီ။ computer နဲ့ ဆိုရင်တော့ ညာဘက်အပေါ်ထောင့်က ကိုယ့်နာမည်ကို နှိပ်ပြီး work ဆိုတာကို ဆက်နှိပ်ဖို့ပါ။ create a story, new story ဆိုတာကို နှိပ်ရင် ရပါပြီ။

ပျော်စရာအကောင်းဆုံးနဲ့ ရင်ခုန်စရာအကောင်းဆုံး အပိုင်းဆိုရင်လည်း မမှားပါဘူး။ ကိုယ်ရေးမယ့် စာအုပ်လေးရဲ့ cover ရွေးရ၊ description စာရိုက်ရ၊ details ရွေးရတာဟာ ပျော်စရာအကောင်းဆုံးအချိန်တွေပါပဲ။

Cover

အခုအချိန်မှ စာ စရေးမယ့်သူအတွက် စာဖတ်သူတွေ ကိုယ့်စာအုပ်ကို သတိထားမိဖို့ဆိုတာ cover ပေါ်မှာ အများကြီး မူတည်နေတတ်တယ်။ တကယ့် နာမည်ရပြီးသား စာရေးဆရာတစ်ယောက်အတွက်တော့ နာမည်တစ်လုံးနဲ့ စာဖတ်သူပေါင်းများစွာကို သတိထားမိစေမေယ့် အခုမှ စာ စရေးမယ့်သူများအတွက်တော့ စာအုပ် cover ရဲ့ အကူအညီကို အများကြီး လိုအပ်ပါတယ်။

Dear Wattpad AuthorsWhere stories live. Discover now