ယူနီကုတ် (ယူနီကုတ်)

2.7K 149 25
                                    

အမေးများတဲ့ မေးခွန်းတွေအတွက် တစ်နေရာတည်းကနေ စုပြီးဖြေလိုက်ပါတယ်နော်။ cb မှာ reply ကြာတာမျိုးရှိရင်လည်း ခွင့်လွှတ်ပေးပါလို့။ မမွန် IT ကို နားလည်လွန်းလို့ မဟုတ်ပါဘူး။ ဒီလိုပဲ ဝေမျှတာပါ။ အသုံးဝင်မယ့် လင့်ဒ်တွေကို ကွန်မန့်ထဲမှာ ရေးထားခဲ့ပါ့မယ်။ စာရေးသူဆိုတာမျိုးက ကိုယ်ရေးထားတာတွေကို စာဖတ်သူတွေ နားလည်စေချင်မှာပဲဟုတ်။ ဒီအပြောင်းအလဲမှာ အွန်လိုင်းစာရေးသူတွေအတွက် အတော်ခက်ခဲတယ်လို့ပဲမြင်တယ်ရယ်။ ဟိုးအရင်က ရေးထားခဲ့တာတွေကို ဖုန်းထဲ Font ပြောင်းလိုက်တာနဲ့ တစ်လုံးမှ ဖတ်မရတော့ဘူး။ T.T နှမြောစရာကောင်းလိုက်တာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ယူနီကုတ်ကိုသာ ပိုသုံးလာကြမယ်။ ဇော်ဂျီနဲ့ရေးခဲ့တာလေးတွေတော့ ဒီလိုလေးပဲ နှုတ်ဆက်ရဦးမှာပေါ့။

*ရေးပြီးသားစာတွေကို ယူနီကုတ် ဘယ်လိုပြောင်းလဲ။*

Converter တွေ အများကြီးရှိပါတယ်။ မမွန်ကတော့

http://www.mcf.org.mm/myanmar-unicode-converter/

ကို သုံးပါတယ်။ ကွန်ပျူတာနဲ့သုံးတာဆိုတော့ ဖုန်းနဲ့ဘယ်လိုသုံးရလဲ ရှင်းမပြတတ်တာ ခွင့်လွှတ်နော်။ ဇော်ဂျီနဲ့ ရေးထားတဲ့စာတွေကို ကော်ပီယူပြီး အဲ့ဒီ့လင့်ဒ်ထဲက အကွက်ထဲမှာ paste လုပ်။ နောက် ညာဘက်အပေါ်ထောင့်က Convert to Unicode Format ကို နှိပ်လိုက်ရုံပါပဲ။ စာဘယ်လောက်များများ ရပါတယ်။ မမွန်ရဲ့ ဇာတ်လမ်းတွေဆို word file နဲ့ page 300 ကျော်တာတွေ ရှိတယ်။ တစ်ခါနှိပ်ရုံနဲ့ အားလုံးပြောင်းပြီးသား ဖြစ်တယ်ရယ်။

*Wattpad မှာ ဘာ Font သုံးလဲ။*

စာရေးသူအများစုဟာ ဇော်ဂျီနဲ့ပဲ ရေးထားတာပါ။ ကိုယ့်ဖုန်းထဲမှာ ယူနီကုတ်ပြောင်းပြီးရင် ဇော်ဂျီနဲ့ရေးထားတာတွေ ဖတ်လို့မရတော့ပါဘူး။ ဒါပေမဲ့ စာဖတ်ချင်ရင် ဖုန်း Setting-Language မှာ Zawgyi ပြန်ပြောင်းလိုက်ရုံပါပဲ။ ယူနီကုတ်ကိုလည်း အချိန်မရွေးပြန်ပြောင်းလို့ရပါတယ်။

*စာရေးရင်ရော ဘာ Font နဲ့ ရေးတင်ရမလဲ။*

စာရေးသူတွေအနေနဲ့ကတော့ ဇော်ဂျီရော၊ ယူနီကုတ်ရော ၂ မျိုးစလုံးနဲ့တင်တာ အဆင်ပြေပါလိမ့်မယ်။ ယူနီကုတ်ပြောင်းပြီးသားသူတွေလည်း ဖတ်လို့ရမယ်။ မပြောင်းရသေးသူတွေအတွက်လည်း အဆင်ပြေပါလိမ့်မယ်။

Dear Wattpad AuthorsWhere stories live. Discover now