စာရေးလို့မရရင်

1.4K 147 51
                                    

စာရေးရတာ မလွယ်ပါဘူး။ အထူးသဖြင့် နှစ်နဲ့ချီပြီး စာတွေရေးနေဖို့ဆိုတာ ပိုပြီးတော့ မလွယ်ဘူး။ ဘာလို့မလွယ်တာလဲဆိုတာကို စဉ်းစားကြည့်ရင် အချိန်နဲ့ စိတ်ခွန်အားက အဓိကများ ဖြစ်နေမလားမသိဘူး။

စာရေးဖို့အချိန်လိုပါတယ်။ မမွန်အတွေ့အကြုံအရဆိုရင် အပိုင်း ၁ ခုအတွက် အနည်းဆုံး ၆ နာရီကနေ တစ်ပတ်၊ တစ်လအထိ ကြာနိုင်ပါတယ်။ (ထာဝရပုံပေက စာပို့သမားလေးဟာ ၀တ္ထုထဲမှာ စာတစ်ပိုဒ်ပဲပါပေမယ့် လေ့လာချိန် တစ်ပတ်ထိ လိုခဲ့ဖူးတယ် T.T)

နောက် ဆယ်မိနစ်ရေးလိုက်၊ တခြားကိစ္စသွားလုပ်လိုက်၊ ပြန်လာရေးလိုက် လုပ်လို့မရပြန်ဘူး။ ကိုယ်ရေးနေတဲ့ စာထဲမှာ ဈာန်ဝင်ဖို့အတွက်လုံလောက်တဲ့အချိန်လိုတယ်။ အနှောင့်အယှက်ကင်းတဲ့ ပတ်ဝန်းကျင်လိုတယ်။ ဒါလေးများကွာလို့ ထင်စရာရှိပေမယ့် တကယ်တမ်း လက်တွေ့ဘ၀မှာ ဘယ်သူ့အတွက်မှ မလွယ်ကူပါဘူးနော်။

စာရေးချင်စိတ်..

အင်မတန်ထိန်းချုပ်ရခက်တဲ့ အမျိုးအစားထဲမှာပါနေပြန်ရော။ ရေးနေရင်းနဲ့မှ ဆက်ရေးလို့မရတော့တာတွေ၊ ဆက်ရေးချင်စိတ်မရှိတော့တာတွေ အမျိုးမျိုး ဖြစ်တတ်ပါတယ်။ အစပိုင်းမှာ တက်တက်ကြွကြွရေးဖြစ်ပေမယ့် အလယ်ပိုင်းရောက်ရင် သံသယ၀င်လာပြီ။ ကောင်းလည်းမကောင်းဘူး။ ငါ ဘာတွေရေးနေတာလဲ။ တခြားသူတွေ မကြိုက်ဘူးထင်တယ်... စသဖြင့်ပေါ့။ ဒီလိုဒီလို ဒွိဟတွေနဲ့ ရှေ့ဆက်ရာမှာ အဆုံးထိရောက်ဖို့ဆိုတာ တကယ် မလွယ်ပါဘူးနော်။

ဒါ့ကြောင့် ဒီအပိုင်းမှာ စာရေးလို့မရတော့ရင် ဘာဆက်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မမွန်ရဲ့အတွေ့အကြုံတွေကို ဝေမျှချင်ပါတယ်။

စာရေးလို့မရတာနဲ့ စာမရေးချင်တာ ၂ ပိုင်းခွဲပြီး စဉ်းစားကြည့်ရအောင်ပါ။

စာရေးလို့မရတာ

Negative Feeling လို့ခေါ်တယ် စိတ်ခံစားချက်ဆိုးတွေဟာ စာရေးတဲ့နေရာမှာ အဓိက အတားအဆီးလိုမျိုး ဖြစ်တတ်ပါတယ်။ ‌ဒေါသဖြစ်နေတာမျိုး၊ စိတ်ပူနေတာမျိုး၊ ကြောက်ရွံ့မုန်းတီးတာမျိုး၊ ၀မ်းနည်းအားငယ်တာမျိုးတွေပေါ့။ ဒီလို စိတ်ခံစားချက်တွေရှိနေတဲ့အချိန်မျိုးမှာဆိုရင် ဖန်တီးမှုကို ရှေ့ဆက်ဖို့ဆိုတာ အင်မတန်ခက်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီစိတ်ခံစားချက်တွေကို အရင်နားလည်ဖို့၊ ပြေလည်ဖို့ ကြိုးစားဖြစ်တယ်။

Dear Wattpad AuthorsWhere stories live. Discover now