Tips&Tricks 2 (Uni)

2K 187 6
                                    

"စရေးတုန်းက ဘယ်သူမှဖတ်ဖတ်မဖတ်ဖတ် ကိုယ်ရေးတာကိုယ်ဖတ်မယ်ဆိုပြီးရေးခဲ့ပါတယ်။ viewer လေးတက်လာရင်ကိုအရမ်းပျော်ခဲ့ပါတယ်။ ခုထိလည်း vote များများနည်းနည်းငါရေးတာဖတ်မယ့် သူတယောက်ရှိလည်း အဲ့တယောက်အတွက်ရေးမယ်ဆိုပြီး ရေးလာတာခုထိပါပဲ။ ခုထိလည်း အဲ့ဒီစိတ်လေးနဲ့ပဲရေးနေဆဲပါ။ ဒီလပိုင်းမှာမျက်စိကြောင့် update ကြဲနေလို့ ကိုယ့်ကိုသတိမှရပါတော့မလားလို့ စိုးရိမ်နေပေမဲ့ပေါ့လေ။ လိုအပ်ချက်တွေအများကြီးရှိနေသေးပေမဲ့ ဖတ်မယ့်သူတယောက်ရှိလည်း အဲ့တယောက်အတွက် ကြိုးစားရေးပေးအုံးမှာပါလို့။ ခုမှစာစရေးးမယ့်သူလေးတွေလည်း ဒီလိုစိတ်လေးနဲ့ပဲရေးပါလို့အကြံပေးချင်ပါတယ်။"

Peony_zuZ

***********

"အကောင်းဆုံး ထင်ပြီး ရေးခဲ့တယ် ဒါပေမဲ့ ကိုယ်ရေးတာကို ထင်သလောက် အားပေးမှုမရတဲ့အခါ အားလျော့တာတွေလည်း ရှိတာပေါ့။ ညီမ Wattpad သုံးတာ နှစ်လကျော်သုံးလနီးပါးပေါ့နော်။ စာရေးတင်ထားတာက လေးပုဒ် ပထမနှစ်ပုဒ်တုန်းကတော့ ဒီတိုင်းမသုံးတတ်သုံးတတ်နဲ့ 0 Followers နဲ့ပဲ စမ်းတင်ကြည့်ခဲ့တာပါ အခုတော့ Read က 12k ကျော်လာတော့ ညီမ နည်းနည်းတော့ပျော်လာတယ်ပေါ့နော်။ ပြောချင်တာက ကိုယ်ရေးထားတဲ့ စာတွေကို တစ်ယောက်ပဲ ဖတ်ပေးတယ်ဆိုရင်ပဲ ဖြစ်ဖြစ်တင်ထားစေချင်ပါတယ်။ လုံးဝအားမလျော့စေချင်ပါဘူး။ စာများများဖတ် တစ်နေ့တခြားတိုးတတ်လာပြီး အရေးအသားကောင်းလာမယ်ဆိုရင်

ဖတ်တဲ့သူတွေလည်း များလာမယ်လို့ထင်ပါတယ်။ အဓိကက အကောင်းဆုံးချပြနိုင်ဖို့ပါပဲ။ ပြောသာပြောတာပါ။ ညီမလည်း အခုထိ ညီမစာလေးတွေ လူသိများအောင် ဘယ်လိုကြိုးစားရမယ်ဆိုတာ တကယ်မသိပေးပါဘူး။ 😔 သိထားတာလေးတွေရှိရင်လည်း

မျှဝေစေချင်ပါတယ်။ ဒါပေမဲ့လည်း ကြိုးစားနေဆဲပါ 😍 "

a_seinn_kyaw

***************

"စရေးတုန်းကဆို ဘယ်သူမှဖတ်မဲ့သူမရှိဘူး ကိုယ့်သူငယ်ချင်းတစ်ယောက်တစ်လေလောက်ကပဲvoteပေးတာ.... cmtလေးတစ်ခုလောက်မြင်ရင်ကိုအရမ်းပျော်ခဲ့တာ....RLထဲမှာထည့်ထားရင်ကိုဘယ်လိုပီတိဖြစ်လို့ဖြစ်မှန်းမသိ ကြည်နူးနေတာ... အစကဆိုဆက်တောင်မရေးနိုင်တဲ့အထိစိတ်ဓာတ်ကျခဲ့တယ် ငါ့ရေးတာအရမ်းဆိုးလို့မဖတ်ကြတာပဲဆိုပြီး.... ဒါပေမယ့်နောက်ပိုင်းပြန်အားတင်းပြီး အနည်းဆုံးတော့ဖတ်တဲ့သူတစ်ယောက်လောက်တော့ရှိနိုင်ပါတယ် အဲ့တစ်ယောက်အတွက်ငါရေးမယ်ဆို ပြီး ပြန်ရေးဖြစ်ခဲ့တယ် လိုအပ်တာတွေကိုပြန်ပြင်ဆင်ပြီး အရေးအသားကိုအရင်ထက်ကောင်းအောင်ကြိုးစားရေးခဲ့တယ် နောက်ပိုင်းကိုယ့်ရေးတာကိုကြိုက်လာကြတော့ အရမ်းပျော်ခဲ့ရတယ် အခုထက်ထိ readerတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပြီးသူတို့ကြောင့်လဲ အခုထိစာရေးနိုင်ခဲ့တယ်❤ အခက်အခဲတွေအများကြီးရှိပေမယ့်လည်း အကောင်းဆုံးကြိုးစားပြီး....❤ "

Dear Wattpad AuthorsWhere stories live. Discover now