စာရေးနည်း/စာရေးဟန်

1.5K 124 21
                                    

"စကားပြေနဲ့ စကားပြော" ရောတယ်ဆိုပြီး လာမေးကြသူတွေအတွက် မမွန် လက်လမ်းမှီသလောက် ပြန်ရှင်းပြချင်ပါတယ်။ ထင်သလို ရေးထားတာတော့ မဟုတ်ပါဘူး။ ဒီအကြောင်းအရာတွေကို ဆရာ၊ ဆရာမတွေရဲ့ သွန်သင်လမ်းပြမှုကို မှီငြမ်းရေးထားပါတယ်။ ဒါပေမဲ့ ကိုယ် နားလည်သလို ပြန်ရှင်းပြထားတာဖြစ်လို့ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ရင် မမွန်တစ်ဦးတည်းရဲ့ တာဝန်ပါလို့ ကြိုတင် ၀န်ခံပါတယ်နော်။

ပထမဆုံး ဆရာလယ်တွင်းသားစောချစ် ‌ဝေမျှခဲ့တဲ့အကြောင်းအရာတွေထဲက စာရေးနည်းတစ်ချို့ကို ပြောပြချင်ပါတယ်။

စာရေးနည်း

ဝတ္ထုရေးရာမှာ ကိုယ်တိုင်ဇာတ်ကောင်နေရာမှ ပြောပြနေဟန်ရေးသားနည်း

First Person *ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်* ဒီလိုမျိုးပုံစံနဲ့ ရေးသွားတာပေါ့နော်။

ဥပမာအနေနဲ့ ဆရာ ရွှေဥဒေါင်းရဲ့ 'စက်တွင်ဝိညာဉ်သွင်းနိုင်သလော' ၀တ္ထုတိုအစပိုင်းကို ဖတ်ကြည့်ပါ။ စာရေးသူက သူ့ရဲ့အဖြစ်အပျက်ကို သူကိုယ်တိုင် ရေးချသွားတာမျိုး ရေးသားထားပါတယ်။ ကျွန်ုပ်ဆိုပြီး သုံးနှုန်းသွားတာ သတိထားမိမှာပါ။ နောက် ဆရာနီကိုရဲရဲ့ 'ကျွန်ုပ်နှင့်တက်ဈေးကျဈေး' ဆိုတဲ့ ၀တ္ထုတိုကိုပါ ဖတ်ကြည့်ပါ။ ဆရာကိုယ်တိုင် ဇာတ်ကောင်ပါ။ ကျွန်တော် ဆိုတဲ့ အသုံးအနှုန်းနဲ့အတူ အစအဆုံး ဆရာကိုယ်တိုင်ပြောပြနေတဲ့ ဆရာ့အဖြစ်အပျက်တွေလို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဆရာ ရွှေဥဒေါင်းရဲ့ 'စက်တွင်ဝိညာဉ်သွင်းနိုင်သလော' ၀တ္ထုတိုအစပိုင်းကို ဖတ်ကြည့်ပါ။ စာရေးသူက သူ့ရဲ့အဖြစ်အပျက်ကို သူကိုယ်တိုင် ရေးချသွားတာမျိုး ရေးသားထားပါတယ်။ ကျွန်ုပ်ဆိုပြီး သုံးနှုန်းသွားတာ သတိထားမိမှာပါ။ နောက် ဆရာနီကိုရဲရဲ့ 'ကျွန်ုပ်နှင့်တ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Dear Wattpad AuthorsWhere stories live. Discover now