ရေးသားခြင်း ၁

8.1K 721 60
                                    

စာအုပ် cover လေးလည်း ရွေးပြီးပြီ။ story details လည်း ပြင်ဆင်ပြီးပြီ ဆိုရင်တော့ ဇာတ်လမ်းကို စရေးတော့မှာပေါ့နော်။

plot

ဒီနေရာမှာ မမွန် လေးစားရတဲ့ ညီမလေး HsuChiKo365 ရဲ့ဇာတ်လမ်းအတွက် ပြင်ဆင်ပုံကို ပြောပြပါ့မယ်။

သူက ဇာတ်လမ်းကို အကြမ်းဖျင်းသဘော (ဗလာစာအုပ်ထဲမှာဖြစ်ဖြစ်၊ ကွန်ပျူတာမှာဖြစ်ဖြစ်) အတိုချရေးတယ်။ မှတ်စုထုတ်သလိုမျိုးပေါ့။ ဇာတ်ကောင်က ဘယ်သူတွေ၊ အသက်အရွယ်၊ အလုပ်အကိုင်၊ ဘာတွေဖြစ်မယ် စသည်ဖြင့်ပေါ့။

ပြီးရင်တော့ ပထမအပိုင်းမှာ ဘယ်သူက ဘယ်သူ့ကို ဘာတွေပြောမယ်၊ ဘယ်နေရာမှာ၊ ဘာတွေဖြစ်မယ်ဆိုပြီး plot ချပါတယ်။ အဆုံးထိ plot ချပြီးမှ ဖုန်းထဲမှာ စာပြန်ရိုက်တာပါ။ ရေးနေစဉ်အတွင်းမှာမှ လိုအပ်တာရှိရင်ထည့်၊ ပိုနေတာရှိရင်လျှော့ပြီး ဇာတ်လမ်းတစ်ပုဒ်ကို ရေးသွားတာပါ။

ဒီနည်းလမ်းက ပင်ပန်းပေမယ့် အကျိုးရှိပါတယ်။ ဇာတ်လမ်းတစ်ဝက်ရောက်မှ ဘာဆက်ရေးရမှန်းမသိလို့ ရပ်လိုက်ရတာတွေ၊ ရေးလက်စဇာတ်လမ်းကို မကြိုက်လို့ ပြန်ဖျက်လိုက်ရတာတွေ လျော့သွားနိုင်ပါတယ်။

တစ်ချို့က လက်တန်း ရေးချတယ်။ ခေါင်းထဲမှာ ဇာတ်လမ်းလေးတစ်ခု ပေါ်လာရင် ဇာတ်ကောင်တွေ နာမည်စဉ်းစားပြီးတာနဲ့ ဘာမှမပြင်ဆင်ဘဲ ဒီအတိုင်း ချရေးတာမျိုးပါ။

မမွန်လည်း အဲဒီ့လို လက်တန်းချရေးတဲ့ လူတွေထဲမှာ ပါ ပါတယ်။ ဇာတ်လမ်းရေးဖို့ ပြင်ဆင်ရမှာကို အပျင်းကြီးသလို အဲဒီ့ညီမလေးပြောမှ ဒီလို စနစ်တကျ ရေးတဲ့သူတွေရှိတယ်ဆိုတာ သိရတဲ့ ဘဝပါ။😭 လက်တန်းရေးရင်းနဲ့မှ ကိုယ့်စိတ်ထဲခံစားရသလို ဇာတ်လမ်းကိုပြောင်း၊ ဇာတ်ကောင်တွေကို အတိုးအလျှော့လုပ်နဲ့ ရေးတတ်တာ။

ဒါပေမယ့် အခုနောက်ပိုင်း အဲဒီ့အကျင့်ကို ကြိုးစားဖျောက်နေတယ်။ ပြင်ဆင်ပြီးမှ ရေးတာဟာ ပိုပြီး ကောင်းမယ်လို့ တွေးမိလို့ပါ။ ဒီစာအုပ်ရေးဖို့အတွက်တောင် အရင်ဆုံး ဗလာစာအုပ်အကြမ်းမှာ ဘယ်အခန်းမှာ ဘာရေးမယ်ဆိုပြီး မှတ်စုထုတ်ပြီးမှ ကွန်ပျူတာမှာ စာရိုက်ဖြစ်ပါတယ်။

Dear Wattpad AuthorsWhere stories live. Discover now