ရေးသားခြင်း ၂

5.1K 598 13
                                    

စာလုံးပေါင်းသတ်ပုံ

အမှားမပါရဘူးလို့ မပြောရဲပါဘူး။ (ကိုယ်တိုင်လည်း ရေးထားသမျှထဲမှာ သတ်ပုံအမှားပြန်စစ်နေဆဲပါ။) အမှားနည်းနိုင်သမျှ နည်းအောင် သတိထားမိဖို့ကိုတော့ သတိပေးပါရစေ။

ဖတ်သူတွေ သူ့အလိုလို နားလည်မှာပဲဆိုပြီး သာမာန်ကာလျှံကာ သဘောမထားစေချင်ဘူး။ ဇာတ်လမ်းကောင်းတစ်ခုကို သတ်ပုံအမှားတွေနဲ့ ဖတ်ရတာဟာ ဟင်းကောင်းတစ်ခွက်ကို သဲတွေနဲ့ရောစားရသလိုပါပဲ။

သဲတစ်ပွင့်၊ နှစ်ပွင့်လောက် ပါရင်တော့ လျှာနဲ့လိပ်ပြီး မြိုချသွားလို့ သိတောင်မသိလိုက်နိုင်ပေမယ့် သဲတရှပ်ရှပ်ဖြစ်နေရင်တော့ ဟင်းတစ်ခွက်လုံး ပျက်စီးသွားတတ်ပါတယ်။ "ဒီဟင်းထဲမှာ သဲတွေသာ မပါလို့ကတော့ကွာ...." ဆိုပြီး စားပြီးချိန်မှာ မအီမသာဖြစ်ကျန်ခဲ့သလို ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ပြီးတာတောင် စာဖတ်သူက သတ်ပုံအမှားတွေကြောင့် စနိုးစနောက်ဖြစ်ရတတ်ပါတယ်။

"တံခါးဆေ့ထားခဲ့ကွာ.."

"တကယ်ပြောတာလား.. ငါကတော့ မရုံပါဘူး..."

"မအိတ်သေးဘူးလား... ညနပ်နေပြီ.."

ဒါမျိုး သိသိသာသာ အမှားတွေဟာ စာပေအရသာကို ပျက်ဆီးစေပါတယ်။ တစ်ချို့အမှားတွေက မသိလို့ မှားတာပေမယ့် တစ်ချို့ကျတော့ မျက်စိလျှမ်းပြီး မှားတာပါ။ Typing error တွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲမှားမှား စာဖတ်သူလက်ထဲ ရောက်ရင်တော့ ဒီအမှားတွေဟာ ဇာတ်လမ်းအရသာကို လျှာဖျားပေါ်ရောက်လာတဲ့ သဲပွင့်တွေလို ဖြစ်စေတာကို သတိရကြပါ။

စာလုံးပေါင်း သတ်ပုံကျမ်း မရှိဘူးဆိုရင်တောင် Myanmar Word App တစ်ခု ရှိနေပါပြီ။ ကိုယ်သံသယရှိတဲ့ သတ်ပုံဆိုရင် တစ်ချက်လောက် သွားစစ်ပြီးမှ ရေးပါနော်။ စာဖတ်သူတွေကို လေးစားရာ ရောက်သလို ကိုယ့်အတွက်လည်း အကျိုးရှိပါတယ်။ အမှားမှန်းမသိရင် နောက်ထပ် ခဏခဏ မှားနေဦးမှာ။

နောက်တစ်ခုက စာရိုက်ပြီးရင် publish မလုပ်သေးဘဲ နှစ်ခေါက်၊ သုံးခေါက်လောက် အမှားပြန်စစ်ပါ။ အမှားနည်းသွားပါလိမ့်မယ်။

Dear Wattpad AuthorsWhere stories live. Discover now