ဖြန့်ချိခြင်း

4.1K 553 46
                                    

ပင့်ကူအိမ်တစ်ခုကို တွေ့ဖူးကြတယ်မဟုတ်လား။

မမွန်တော့ စာရေးတာများပြီး အူကြောင်ကြောင်မေးခွန်းတွေ မေးနေပြီလို့ မတွေးလိုက်နဲ့နော်။

Social network ဆိုတာကို ဥပမာပေးဖို့ မေးကြည့်တာပါ။ social network ဆိုတာ ပင့်ကူမျှင်တွေလို တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတာပါ။ အချိတ်အဆက်မရှိဘဲ တစ်ယောက်တည်း မရပ်တည်နိုင်ပါဘူး။

wattpad ဆိုတာလည်း facebook နဲ့ တော်တော်ဆင်တူပါတယ်။ fb မှာ ကိုယ့်ဘာသာ fake acc ဖွင့်၊ ဘယ် fri မှ လိုက်မရှာဘဲ တစ်ယောက်တည်းနေရင် ကိုယ့်ကိုလာ add မယ့်သူဆိုတာ မရှိသလောက်ရှားပါတယ်။

ဒီမှာလည်း cover လှလှ၊ နာမည်ဆန်းဆန်း၊ ဇာတ်လမ်းကောင်းကောင်းလေး ရေးပြီးပြီဆိုပေမယ့် ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်တည်းနေမယ်ဆိုရင်တော့ ကိုယ့်စာအုပ်ကို စာဖတ်သူတွေဆီရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အချိန်နဲ့ကြိုးစားမှုအပြင် စိတ်ရှည်ဖို့ အများကြီးလိုပါတယ်။

အခြားသူများရဲ့ ဆက်သွယ်ဖို့ဆိုတာထဲမှာ wattpad မှာ new feeds, reading lists, follower, comment, message box တွေရှိပါတယ်။ ကွင်းဆက်တစ်ခုကို ချိတ်မိမှ နောက်တစ်ခုက ကိုယ့်ကိုမြင်နိုင်မှာမို့လို့ ဒီအရာအားလုံးဟာ ကိုယ့်စာအုပ်ကို စာဖတ်သူတွေဆီရောက်ဖို့ အရေးကြီးတာတွေပါပဲ။

ကိုယ်ရေးထားတဲ့စာအုပ်ကို စာဖတ်သူတွေထံရောက်ဖို့ Message box ကနေတစ်ဆင့် ဖတ်ပေးပါလို့ ပြောတာမျိုးတွေလည်း ရှိပါတယ်။ မမွန်လည်း wattpad ကိုရောက်ကာစက သွားပြောဖူးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ မထိရောက်ပါဘူး။ လူတစ်ရာမှာ ၉၉ ယောက်က စာတောင်မပြန်ပါဘူး။ ဖတ်ပေးမယ်လို့ ပြန်ပြောတဲ့ တစ်ယောက်ကလည်း ဖတ်ချင်မှ ဖတ်တာပါ။ နောက်တစ်ခုက ဒီလို လူတွေအများကြီးကို ကိုယ့်စာအုပ်ဖတ်ဖို့ Message လိုက်ပို့တာဟာ Spam ပါ။ မလုပ်ရပါဘူးနော်။

အဲဒီ့အစား အခြားသူများရဲ့ စာအုပ်တွေမှာ comment ရေး၊ ၀ါသနာတူတွေ၊ အခုမှ အကောင့်သစ်စဖွင့်သူတွေနဲ့ သူငယ်ချင်းဖွဲ့၊ မိတ်ဆွေဖြစ်တာ ပိုထိရောက်ပါတယ်။

Dear Wattpad AuthorsWhere stories live. Discover now