Part 1 ( Zawgyi + Unicode)

37K 1.4K 18
                                    


အေးချမ်းဆိတ်​ငြိမ်​​နေသည့်​ သစ်​​တောအုံ့မှိုင်းမှိုင်းများကြားတွင်​ စီးဆင်း​နေသည့်​ ​စိမ့်​စမ်း​ချောင်း​လေး....။

တောအသွယ်​သွယ်​ ​တောင်​အထပ်​ထပ်​ နင်းဖြတ်​လာပြီးမှ.....ခက်​ခဲစွာသွားလာရသည့်​ ​နေရာတစ်​ခု.....။

စမ်း​ချောင်း​လေး၏ တစ်​ဖက်​တစ်​ချက်​တွင်​ ပန်းပင်​များနှင့်​ သာယာကြည်​နူးဖွယ်​သာမန်​အိမ်​​လေးတစ်​လုံး....။ဤ​နေရာ သည်​....​မေတ္တာ​တောင်​ကြား......။

စစ်​သူကြီးဝမ်​​ စမ်း​ချောင်း​လေးကိုကန့်​လန့်​ခံ ဖြတ်​​ဆောက်​ထားသည့်​ ၀ါးတံတား​လေးမှ တစ်​ဖက်​သို့ကူးလာခဲ့၏....။ ပန်းပင်​မျိုးစုံတို့​ဘေးမှလဲ ဖြတ်​​လျောက်​လာခဲ့ပြီးလျှင်​ .. .အိမ်​တံခါးကို အသာအယာ​ခေါက်​လိုက်​၏....။

" ​ဒေါက်​​ ဒေါက်​ ​ဒေါက်​ "

" အိမ်​​ရှေ့မင်းသား...တံခါးဖွင့်​​ပေး​ပါဦး "

စစ်​သူကြီးဝမ်​​ စကားဆုံးသည်​နှင့်​ လူတစ်​​ယောက်​တံခါးလာဖွင့်​​ပေး​လေ၏....။
တည်​ကြည်​​သော မျက်​နှာထား.....​လေးနက်​သည့်​အကြည့်​....မျက်​၀န်းများနှင့် ခံ့ညားသည့်​အသွင်​တို့​ကြောင့်​ လူတစ်​ကာ​လေးစားရ​လောက်​သည့်​ ပုံစံ​ပေါ်​​နေ၏.....။

ပြုံးစစနှုတ်​ခမ်းနှင့်​ အမူအယာတို့က နူးညံ့သိမ်​​မွေ့မှုကို ​ပေါ်လွင်​​စေသည်​.....။

" စစ်​သူကြီးဝမ်​​​ အိမ်​ထဲဝင်​ခဲ့ပါ...."

" ​မှန်​လှပါ...."

အိမ်​ထဲဝင်​လိုက်​သည်​နှင့်​ ပစ္စည်းများကသူ့​နေရာနှင့်​သူ.....သန့်​ရှင်းသပ်​ရပ်​ပြီး များလှစွာ​သော စာ​အုပ်​များက အိမ်​လုံးပြည့်​ စင်​များ​ပေါ်တွင်​ ​နေရာယူထားကြသည်​....။

နေ​ရောင်​ခြည်​နု​ထွေး​ထွေးတို့က ဟိုတစ်​စ ဒီတစ်​စ ကျ​ရောက်​​နေသည်​....။ စားပွဲ​ပေါ်တွင်​ထိုးထားသည့်​ လီလီနှင်းပန်း​လေးများ၏ရနံ့မှာလဲ ​လေသင့်​တိုင်းတစ်​ချက်​တစ်​ချက်​ ရနံ့​မွှေးပျံ့​နေ​လေသည်​...။

အိမ်​​ရှေ့မင်းသားက အိမ်​​​ရှေ့ခန်း...စားပွဲရှိရာ..ထိုင်​ခင်းတစ်​ခုတွင်​ ထိုင်​လိုက်​လျှင်​ပင်​ စစ်​သူကြီးဝမ်​​ ...သည်​လဲ အိမ်ေ​ရှ့မင်းသားအား ဂါရ၀ပြုကာ မျက်​နှာချင်းဆိုင်​ ထိုင်​လျက်​....

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now