Part - 10

10.4K 637 1
                                    


နေ့လည်​ခင်းမွန်းတည့်​ နေ​ရောင်​ခြည်​သည်​ မိမိ၏မျက်​နှာ​ပေါ်သို့ ဖြန့်​ကျက်​​နေကြ၏...။ ​ဝေါယာဉ်​​ပေါ်တွင်​ဖြစ်​သဖြင့်​ လူ​လေး​ယောက်​က မိမိအား သယ်​​ဆောင်​ကာ ချင်​နိုင်​ငံသို့ ​ခေါ်​ဆောင်​​နေကြသည်​..။ ​ဖေးဟုန်​​ပေး​သော ချူငယ်​​လေးအား အ​သေးစိတ်​ကြည့်​​နေမိသည်​...။
အန္တရာယ်​က တကယ်​မကျလာနိုင်​ပါဘူး...။

ချင်​နိုင်​ငံကို သွားဖို့ သုံးရက်​​လေးရက်​​လောက်​အချိန်​​ပေးရသည်​..။ အခု ခရီးစထွက်​ထွက်​ချင်း တျလီနိုင်​ငံနယ်​နိမိတ်​...။

" ၀ုန်း....ဗုန်း..."

" ဟင်​ ဘာသံ​တွေလဲ...."

ဆူညံသံများ​​ကြောင့် ​ဝေါယာဉ်​ထဲမှကြည့်​လိုက်​​တော့...အ​နောက်​ကပါလာတဲ့စစ်​သည်​​တွေ အကုန်​လဲကျကုန်​တာ...။
ဘယ်​လိုဖြစ်​ရတာလဲ...။

" ၀ုန်း.....ဗုန်း ..."

".အား...."

မိမိကိုသယ်​​ဆောင်​ထားသည့်​ လူများလဲ လဲကျကုန်​သဖြင့်​ ​ခန္ဓာကိုယ်​ပါယိမ်းယိုင်​သွားရသည်​...။ ချက်​ချင်း ​ဝေါယာဉ်​အပြင်​ဘက်​ကို ထွက်​ကြည့်​လိုက်​​တော့...
ဘယ်​လို​တွေဖြစ်​​နေတာလဲ...ရဲမက်​​တွေအကုန်​လုံး
မြေပြင်​​ပေါ်မှာ အတုံးအရုံးလဲ​နေကြတာ...။

အံ့သြမှုတို့ဖြင့်​ ကြည့်​မိ​နေပြီး သတိရမိလိုက်​သည်​က
အရှင်​မင်းကြီး....။

" အရှင်​မင်းကြီး....."

အရှင်​မင်းကြီး၏ ​ဝေါယာဉ်​ရှိရာသို့ အ​ပြေသွားကြည့်​​တော့....

" မဟုတ်​ဘူး...."

ခေါင်းထဲ​ဇော​ချွေးပျံလာသည်​..။ ဘာလုပ်​လို့လုပ်​ရမှန်းမသိ။
အရှင်​မင်းကြီး အရှင်​မင်းကြီး "

မည်​မျှ ​အော်​​ခေါ်​နေ​သော်​လဲ အရှင်​မင်းကြီး မကြားနိုင်​​တော့...။ ပါးစပ်​တွင်​ ​သွေးစများ​ပေကျံ​နေ၏..။
လည်​​ချောင်းကို လိုက်​ဖြင့်​ အသာ စမ်းကြည့်​​တော့....

"ဟင်​....ဒါ ဒါ.....သူ​တော်​စင်​အဆိပ်​..."

စစ်​သည်​အားလုံး မင်းကြီးကဲ့သို့ ​သွေးစများ​ပေကျံ​နေကြပြီး ပုံပျက်​ပန်းပျက်​လဲကျ​နေကြသည်​..။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now