Part 4

12.3K 843 4
                                    

ကျွန်​​တော့်​ အိမ်​​ရှေ့စံ - ( ၄ )

ညမိုးချုပ်​သည်​နှင့်​.....လီရှင်းဂနာမငြိမ်​ဖြစ်​​နေမိသည်​...။ မိမိ​ပေးပို့လိုက်​​သောခိုမှ စာ....ချန်းလုံဆီကို​ရောက်​ပါရဲ့လား......။

ဒီအချိန်​ဆိုလျှင်​.....ချန်းလုံဟာလျံ့ခြိုရွာကို​ရောက်​​နေရ​တော့မှာ.....။ အခု​ရောက်​ရှိ​နေသည့်​​နေရာက.....ရွာအ​နောက်​ဖက်​ကြာကန်​မှာ.....။ ဦး​လေးချန်ဇီ​နှင့်​ ​​ဝေ့ရင်း အိပ်​​​ပျော်​​သည့်​အချိန်​မှ တိတ်​တဆိတ်​ထွက်​လာခြင်းဖြစ်​သည်​.....။

ကြာကန်​ကြီးဆီကို ချန်းလုံ​ရောက်​လာရ​တော့မှာ.....။

ထိုစဉ်​......
" ခင်​ဗျားကဘယ်​သူလဲ......"

ဝေ့ရင်း.....ဟုတ်​​ပေသည်​....။ ​​ဝေ့ရင်းက
ကမိမိ၏လည်​ပင်းသို့ အ​နောက်​မှ​နေ၍...ဓားဖြင့်​ချိန်​ရွယ်​ထား​သော​ကြောင့်​......​ရှောင်း​ဝေနှင့်​မျက်​နှာချင်းဆိုင်​ဖြစ်​​အောင်​ ​ခြေကိုလှည့်​​ရွှေ့လိုက်​သည်​နှင့် ​ဝေ့ရင်စ ​၏့​......ဓားသွားက ပို၍နီးကပ်​လာကာ....

" ခင်​ဗျားဘယ်​သူလဲလို့ ​မေး​နေတယ်​​လေ....."

ပြတ်​သား​သော​နေ​သော ​ဝေ့ရင်း​​၏ အကြည့်​များကို လန်ကျန့်​​တည်​ငြိမ်​စွာ....ရင်​ဆိုင်​လိုက်​၏.....။
ဘာမျှပြန်​မ​ဖြေ.....။

" အတင့်​ရဲလိုက်​တဲ့ ​တောသား မင်းရဲ့ဓားကိုချက်​ချင်းဖယ်​လိုက်​စမ်း...."

ဓားသွားတစ်​ခုက ​ဝေ့ရင်း​၏လည်​ပင်းကို ချိန်​ရွယ်​လိုက်​သည်​......။

ချန်းလုံ ​ရောက်​လာ၍ မိမိအသက်​ကိုစိတ်​ချရပြီဖြစ်​​သော်​လဲ.....​​ဝေရင်း​၏အသက်​ကို စိတ်​မချ​သော​ကြောင့်
....မည်​သူမျှမထိခိုက်​​သေးခင်​....လန်ကျန့်​​က..

" ချန်းလုံ.....ဓားကိုပြန်​သိမ်းလိုက်​ပါ....."

" ဒါ​ပေမဲ့....."

" အတင့်​ရဲ့​နေတာလား ချန်းလုံ....."

" ချန်းလုံ မ၀ံ့ရဲပါဘူး....."

ချန်းလုံက ဓားကိုရုပ်​သိမ်းလိုက်​​သော်​လဲ....​​ဝေ့ရင်း​၏ဓားသွားက မိမိ၏လည်​ပင်း​ပေါ်တွင်​ရှိ​နေဆဲ....။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Unde poveștirile trăiesc. Descoperă acum