Part - 7

11.5K 741 10
                                    

ကျွန်​​တော့်​ အိမ်​​ရှေ့စံ- ( ၇ )

စိမ်းစို​နေ​သော ၀ါး​တောကြီးထဲတွင်​ ၀ါးပင်​များရှိ ၀ါးလုံးကြီးများမှာ ကြီးမားလှသည်​။အ၀ါ​ရောင်​ ၀ါးရွက်​​ကြွေများကလဲ ပြန့်​ကြဲ​နေသည်​။

ရှောင်း​ဝေက ၀ါးလုံးနှစ်​ခုကို ​ခြေ​ထောက်​နှင့်​ကန်​​ထောက်​ထား​ကာ ၀ါးပင်​​ပေါ်တွင်​ လက်​ပိုက်​လျက်​....။ ထိုစဉ်​...

" ချွင်း....ရွှက်​ ..."

အမှတ်​တမဲ့​ရောက်​လာ​သော ဓားချက်​က ​ဝေ့ရင်း ​ထောက်​ထား​သော ၀ါးပင်​တစ်​ခု​ကို တိခနဲ ဖြတ်​ချလိုက်​လျှင်​....

" ၀ှီး...."

ကြောင်​တစ်​​ကောင်​ကဲ့သို့ လျှင်​မြန်​​ပေါ့ပါးစွာဖြင့်​ ခုန်​ပြီး ​မြေကြီး​ပေါ်သို့ ဂျွမ်းထိုးကာ​ရောက်​လာ၏ ။
ထို့​နောက်​ ​ကျောတွင်​ရှိ​နေ​သော ဓားကို ဖျတ်​ခနဲထုတ်​ယူလိုက်​ပြီး တစ်​ဖက်​မှ တိုက်​ခိုက်​​နေ​သောဓားကို သတိရှိရှိနှင့်​ ပြန်​လည်​တိုက်​ခိုက်​​နေရ၏...။

ဆိတ်​ငြိမ်​​သော ၀ါး​တောကြီးထဲတွင်​ ဓားသံများနှင့်​ ဆူညံ​နေ၏....။ ​​ဝေ့ရင်း​ကိုတိုက်​ခိုက်​​နေ​သော လူမှာ အခြားလူမဟုတ်​....လန်​ကျန့်​...။
မိန်းက​လေးတစ်​ဦးထက်​ ပို၍နူးညံခဲ့​သော လန်ကျန့်​​မှာ ယခု ခြ​င်္သေ့​တစ်​​ကောင်​ ကျားတစ်​​ကောင်​ကဲ့သို့ တိုက်​ခိုက်​​နေ၏...။ 

ရှောင်း​ဝေ၏ မညှာတာ​သော ​လေ့ကျင့်​မှု​ကြောင့်​လား...သင်​ယူလိုစိတ်​ပြင်းပြ​နေသည်​​ကြောင့်​လား....
ခဏ​လေးနှင့်​တတ်​လွယ်​သည်​...။
ယခု ​ရှောင်း​ဝေထက်​ပင်​သာ​တော့မည်​ထင်​၏...။

နှစ်​​ယောက်​သား အပြိုင်​အဆိုင်​တိုက်​ခိုက်​ရင်း...တစ်​​ယောက်​လည်​ပင်းကိုတစ်​​ယောက်​ ချိန်​ရွယ်​မိကြသည်​...။

လန်ကျန့်​​​က ​​ဝေ့ရင်း​အလစ်​တွင်​ ကျန်​လက်​တစ်​ဖက်​နှင့်​ လက်​​ကောက်​၀တ်​အား ရိုက်​ချလိုက်​သည်​...။

" ချလွမ်​...."

" ဟမ်​....မင်း​ .."

ဓားက​မြေကြီး​ပေါ်ကျသွား၏...။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now