Part 2

17.7K 1K 11
                                    

" ခမည်း​တော်​ဘုရား လစ်​လပ်​​နေတဲ့အိမ်​​ရှေ့စံ​နေရာကို ဒီတိုင်းထားရင်​ မသင့်​​တော့ပါဘူးဘုရား ကျန်​​နေတဲ့မင်းသားနှစ်​​ယောက်​ထဲက တစ်​​ယောက်​​ယောက်​ကို အလျှင်​အမြန်​ ခန့်​အပ်​​ပေးမှ သင့်​​တော်​ပါလိမ့်​မယ်​ဘုရား...."

" အိမ်း.......ငါခမည်း​တော်​ အိမ်​​ရှေ့စံမင်းသား နတ်​ရွာစံသွားတဲ့ အ​ကြောင်းကို ခုထိမယုံနိုင်​​သေးဘူးကွယ်​...အိမ်​​ရှေ့စံဟာ အလွန်​လိမ္မာ​ရေးခြားတဲ့က​လေးပဲ.....
ပြီး​တော့ အိမ်​​ရှေ့စံ စံမြန်းတဲ့အိမ်​​တော်​ မီး​လောင်​သွားတယ်​ဆိုတာ မင်းသား( ၃ ) ကိုယ်​တိုင်​အသိအမှတ်​ပြုလို့​သာ ​ယုံ​​တော့တယ်​.....ဟူး ......."

" အိမ်​​ရှေ့စံ​နေရာဟာ ဒီတိုင်းပစ်​ထားလို့မ​ကောင်းပါဘူး ခမည်း​တော်​ ဒါ​ကြောင့်​မို့လို့......အိမ်​​ရှေ့စံ​နေရာကို ခန့်​အပ်​​ပေးရန်​ ​တောင်းဆိုပါတယ်​ဘုရား......."

" ငါကိုယ်​​တော်​ မနက်​ဖြန်​မှ အမိန့်​ချမှတ်​​တော်​မူမယ်​...."

" ​ကျေးဇူး​တော်​ကြီးမြတ်​လှ​ကြောင်းပါဘုရား....."

" မင်းကြီး ပြန်​လည်​ကြွချီ​​မယ်​...."

မင်းသား (၃) ၏ အာဏာအ​ပေါ်တက်​မက်​​နေ​သော စိတ်​တို့က ​ကောက်​ကျစ်​​သောအကြံ.....ယုတ်​မာ​သောစိတ်​တို့ကို ဖြစ်​ပေါ်​စေ​လေသည်​....။

အာဏာ......။

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

မင်းသား (၂ )သည်​ ​သေရည်​အရက်​ကို စွဲလမ်း​နေသူဖြစ်​သည်​.. ။ အချိန်​ပြည့်​ မူးရူး​နေပြီး အ​ပျော်​မယ်​များနှင့်​ တစ်​​နေ့လုံးတစ်​ညလုံး အချိန်​ဖြုန်း​နေတတ်​သည်​....။

ဤသို့ဖြစ်​ရခြင်းအ​ကြောင်းမှာ...အခြားမဟုတ်​....မင်းသား( ၃ ) ​ကြောင့်​သာတည်း.....။

လွန်​ခဲ့​သော သုံးနှစ်​.....

နန်းတွင်း​အေး​ဆေးတိတ်​ငြိမ်​​သော​နေရာတွင်​...
မင်းသား (၁)က နန်း​ဆောင်​ကပြင်​ဘက်​တွင်​ ညီ​တော်​နှစ်​ဦး ဓား​ရေးယှဉ်​ပြိုင်​​နေသည်​ကို....ပန်းချီ​ရေး​နေ၏....။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now