Final

19.9K 956 20
                                    


" လန်​ကျန့်​​ကို ​နောက်​ထပ်​ အ​နှောင့်​အယှက်​ မ​ပေးဖို့..."

" ​ကောင်းပြီ​လေ...မင်း​ပေးတဲ့ပစ္စည်းရဲ့တန်​ဖိုးအ​ပေါ် မူတည်​တယ်​ "

မိစ္ဆာမသည် ​အနက်​​ရောင်​၀တ်​ရုံလွှာအား ​ဝှေ့ယမ်းလိုက်​ပြီး ​​ဝေ့ရင်းထံမှ ပစ္စည်းကို ​မျှော်​လင့်​တကြီးကြည့်​​နေ​လေသည်​..။

ထိုစဉ်​...
"...၀ှီး....၀ှစ်​....."

လေထဲတွင်​ မြှားတစ်​စင်းကဲ့သို့ လွှင့်​စင်​ကျလာ​သော ဓား​မြှောင်​သည်​ မိစ္ဆာမ၏ဦး​ခေါင်းတည့်​တည့်​သို့ ထိုးစိုက်​ရန်​ ဦးတည်​လာသည်​ကို မိစ္ဆာမသည်​ အချိန်​မှီစွာ​ရှောင်​လိုက်​နိုင်​သည်​...။

ဝေ့ရင်း ထိတ်​လိန့်​စွာ​နောက်​သို့လှည့်​အကြည့်​တွင်​ .... စစ်​သည်​​ပေါင်းများစွာကို ဦး​ဆောင်ကာ ​ဝေ့ရင်းရှိရာသို့ အ​ပြေးလာ​နေ​သော လန်​ကျန့်​ကို ​တွေ့လိုက်​ရသည်​။ လန်​ကျန့်​သည်​ ​ဝေ့ရင်းအံ့အားသင့်​​နေသည့်​အချိန်​မှာပင်​ ​ဝေ့ရင်းခန္ဓာကိုယ်​တစ်​ခုလုံး လန်​ကျန့်​၏အ​နောက်​တွင်​ ကွယ်​၀ှက်​ထားပြီးသကဲ့သို့ ကာကွယ်​ပြီး​နေ​လေပြီ...။

" ​ဝေ့ရင်း...မင်း ဘယ်​နားထိခိုက်​​သေးလဲ "

မိစ္ဆာမထံသို့ ဓားဦးကိုလှည့်​ထားပြီး ​ဝေ့ရင်းအတွက်​ စိတ်​ပူ​ပေး​နေ​သော လန်​ကျန့်​....။ ​လန်​ကျန့်​မမြင်​​သော်​ငြားလဲ ​ဝေ့ရင်း​ခေါင်းညိတ်​ပြမိသည်​...။ ထို့်​နောက်​ ကျန်​စစ်​သားများကလဲ မိစ္ဆာမကိုဝင်​​ရောက်​တိုက်​ခိုက်​ကြ​လေသည်​...။ သို့​သော်​...အင်​အားမမျှသဖြင့်​....စစ်​သည်​များအားလုံး ကျရှုံးသည်​ကများသည်​...။ ​စစ်​သည်​များသည်​ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ​သွေးပွက်​ပွက်​အန်​ကာ ကျရှုံးကြသည်​..။
အ​ခြေအ​နေမဟန်​သဖြင့်​ ​ဝေ့ရင်း​ဇော​ချွေးပြန်​လာပြီဖြစ်​သည်​...။

" လန်....လန်​ကျန့်​...ဘယ်​လိုလုပ်​မလဲ....အကုန်​ကျကုန်​ပြီ... "

" ...... "

ဝေ့ရင်း​ပြောပြီးသည်​နှင့်​...လန်​ကျန့်​ကရုတ်​တရက်​...မိစ္ဆာမထံသို့ချည်းကပ်​၍သွား​လေသည်​..။ ထို့​နောက်​ မိစ္ဆာမကို ရုတ်​တရက်​တိုက်​ခိုက်​​လေသည်​...။ လန်​​ကျန့်​​ကြောင့်​ ​ဝေ့ရင်းလဲ ရုတ်​တရက်​​ကြောင်​သွားကာ ခဏ​နေမှမိစ္ဆာမအားတိုက်​ခိုက်​ရ​တော့သည်​...။ လန်​ကျန့်​နှင့်​​ဝေ့ရင်း နှစ်​​ယောက်​​ပေါင်း​တိုက်​ခိုက်​​သော်​လဲ အင်​အားမမျှ...။ သူ့နယ်​နိမိတ်​ဖြစ်​​နေသဖြင့်​ မ​ကောင်းသည့်​အတတ်​များ လွှမ်းခြုံထားရာ မည်​သို့မျှနိုင်​ဖွယ်​ရာမရှိ....။ ထို့​ကြောင့်​ လန်​ကျန့်​၏လက်​ကိုဆွဲကာ ​တောစပ်​သို့​ပြေးလာခဲ့ရသည်​...။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now