Part 6

11.2K 700 5
                                    

( ၆ )

အ​မှောင်​တို့ကြီးစိုးလာပြီး...လူ​ခြေတိတ်​၍ အားလုံးအိပ်​စက်​သည့်​အချိန်​သို့​ရောက်​လာခဲ့သည်​...။

မင်းသမီး​လေး၏နန်း​တော်​​ဆောင်​.....စားဖို​ဆောင်​တွင်​ မင်းသမီး​ လွဲ့ကျူး​တစ်​​ယောက်​​ ခိုး​ကြောင်​ခိုးဝှက်​နှင့်​....ဟင်းထမင်းများကို ခိုးထုပ်​​နေ​လေသည်​....။

ထုံးစံအတိုင်း....အချုပ်​သားများကိုထမင်း​ကျွေးရန်​ နန်း​ဆောင်​ပြင်​သို့ ခိုးထွက်​လာ၍ အချုပ်​ခန်းရှိရာသို့​ရောက်​လာခဲ့သည်​...။ အ​လှည့်​ကျအ​စောင့်​နှစ်​​ယောက်​မှာ....ကျူး​အော်​နှင့်​ အရမ်းခင်​သည့်​အ​စောင့်​များ ဖြစ်​ကြ​လေသည်​....။ သူတို့နှစ်​ဦးကင်း​စောင့်​သည့်​အလှည့်​ကျလျှင်​ ​ပြောစရာမလို​တော့​ပေ.....။

သီးသန့်​အချုပ်​ခန်းကဲ့သို့ ဖြစ်​​နေ​သော ဂူလှိုင်​​ခေါင်းတစ်​ခုဆီသို့.....

" မင်းသမီး ​ရောက်​လာပြီလား "

" အင်း နင်​တို့အတွက်​ ​ပေါက်​စီ​တွေပါလာတယ်​ ​ရော့ "

" ​ကျေးဇူးပါပဲ မင်းသမီး အထဲဝင်​ပါ "

အ​စောင့်​နှစ်​​ယောက်​က တံခါးဖွင့်​​ပေး​လေသည်​....။
" ဂျိမ်း....."

အပြင်​ဘက်​တွင်​ ​ရေနံဆီမီးတိုင်​များနှင့်​ ညအ​မှောင်​ကိုဖြိုခွင်းထား​သော်​လဲ လှိုင်​ဂူထဲတွင်​မူ ​အ​မှောင်​အတိ။

တံခါးဖွင့်​လိုက်​သည်​နှင့်​ မင်းသမီးလွဲ့ကျူး၏ လက်​ထဲမှ ​ရေနံဆီမီးတိုင်​ငယ်​​လေး၏ အလင်း​ရောင်​က ဂူအတွင်းသို့ ဖြာ​ကျသွားသည်​....။

ခြေ​ထောက်​တွင်​ သံကြိုးများဖြင့်​ ချုပ်​​နှောင်​ထားခံရသည့်​လူတစ်​​ယောက်​....။ လက်​နှစ်​ဖက်​ကိုအ​ပေါ်သို့​မြှောက်​ကာ ချည်​​နှောင်​ထား၏။

သွေးစတို့က စုတ်​ပြဲ​နေ​သော အ၀တ်​အစားတို့ကို​စွန်း​ပေ​နေ​သည်​မှာ မြင်​မ​ကောင်း.....။ ပါးစပ်​မှလဲ ​သွေးများစီးကျ​နေ​လေသည်​...။

"...​ဖေးဟုန်​ ​ဖေးဟုန်​..."

လွဲ့ကျူးက စိုးရိမ်​စိတ်​ကြီးစွာဖြင့်​ ပါလာ​သော ထမင်းထုတ်​ကို ​အောက်​တွင်​ချထားလိုက်​ပြီး ​ဖေးဟုန်​၏ အနားသို့ အ​ပြေးသွားလိုက်​သည်​....။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now