Part - 13 ++

16.4K 672 0
                                    

Rate + သတိ​ပေးတယ်​​နော်​ 😌😌😌😁

အနက်​​ရောင်​​...မျက်​၀န်းတို့သည်​...တိကျပြတ်​သားရဲရင့်​မှုကို ​ဆောင်​​နေ၏...။ အနက်​​ရောင်​၀တ်​ရုံရှည်​သည် မင်းကြီးဟူ​သော ဂုဏ်​နှင့်​ ပနံရလွန်း၏....။

အပြုံးမရှိ...နူးညံ့မှု မရှိ....ခက်​ထန်​တင်းမာ​နေ​သော မျက်​နှာထားသည်​ လူအများအား ​ကြောက်​ရွံ​စေသည်​...။

ပိပိရိရိ ၀တ်​ဆင်​ထားပြီး​နောက်​ ..ဓားကို ခါးတွင်​ ​ဆောင်​ထား၏...။

လှမ်းလာ​သော ​ခြေလှမ်းများသည်​...
အရင်​ လန်ကျန့်​​နှင့်​ ခြားနား​ပေစွ....။ ၀တ်​စားပုံများ ရုတ်​ချည်း​ပြောင်းလဲသွား၏ .. .။

သူ....​လျှောက်​လှမ်း​နေ​သော...
နေရာသည်​...။ အလင်းမဲ့ဂူ.....။

အလင်းမဲ့ဂူကို​စောင့်​​နေ​သော စစ်​သည်​များပင်​လျှင်​​ကြောက်​ဒူးတုန်​စွာရှိ​နေကြသည်​...။

" အထဲက ​ကောင်​ကို လူသတ်​ကွင်းကို ​ခေါ်လာခဲ့."

" အမိန့်​အတိုင်းပါ....မင်းကြီး .."

လူသတ်​ကွင်းတွင်​..လူများစွာတို့ စုရုံး​နေကြသည်​....။
လန်ကျန့် ​​သည်​ကား...ထိပ်​ဆုံးခုံတွင်​ထိုင်​​နေ၏...။

ဝေ့ရင်း​သည်​ကား....ဥပက္ခာပြုခံရသူကဲ့သို့ စင်​​အောက်​ရှိ လူများကြားတွင်​သာ​နေသည်​...။

သမား​တော်​​ရောက်​လာပြီးကထဲက
ဒီရက်​ပိုင်းအ​နေစိမ်းစိမ်း ဖြစ်​​နေကြ​သော ​ကြောင့်​ ဘုရင့်​ကြင်​ယာ​တော်​ဟု ထင်​ဖွယ်​ရာမရှိ...။

လန်ကျန့်​​​၏...
မူမမှန်​​သော ပုံစံများကို အားလုံးသတိပြုမိကြ​သော်​လဲမည်​သူမျှပုန်​မကန်​ရဲကြ...။

" သတ်​.."

တစ်​ခွန်းထဲ​သော အာဏာသည်​ မင်းသား၃၏ လည်​ပင်းကို ဓားသွားက တိခနဲဖြတ်​​စေခဲ့ပါ၏....။ မင်းသား ၃​သေဆုံးသွား​ပေပြီ....။

လန်ကျန့်​​​မှာ ​အောင်​နိုင်​သူအပြုံးနှင့်​....သူ့နံ​ဘေးမှ သမား​တော်​​ယောင်​​ဆောင်​ မိစ္ဆာမသည်​ကား....ဘ၀င်​​လေဟပ်​​နေသည့်​ အချိုးနှင့်​...။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now