Part - 8

11.4K 684 4
                                    

ည​နေ​စောင်းပြီး အ​မှောင်​ပျိုးသည်​နှင့်​ ဘုရင်​မင်းကြီး၏နန်း​ဆောင်​ကိုသွားရန်​ အ​ခြွေအရံများက ချင်​နိုင်​ငံ၏ အဆင်​တန်​ဆာများစွာတို့ကို ဆင်​ယင်​​ပေး၏...။

အနီ​ရောင်​၀တ်​ရုံကြီးကိုဝတ်​ဆင်​ရ၏...။ ​အစိမ်းရောင် ​တောက်​​နေသည့်​ ​​ကျောက်​စိမ်းဆံထိုးကို ဆံထုံး၏အလယ်​တည့်​တည့်​တွင်​ထိုးစိုက်​က နံ​ဘေးမှ ပတ္တမြားငယ်​​လေးများကို ၀န်းရံစီခြယ်​၏...။ နန်း​ဆောင်​ထဲရှိ ​ဝေဆာစွာပွင့်​​နေ​သော မက်​မွန်​ပွင့်​က​လေးများထက်​ ပို၍ သာလွန်​စွာ နူးညံ့လှပ​နေ၏....။

အားလုံးပြင်​ဆင်​၍ပြီးချိန်​တွင်​ ညမိုးချုပ်​​နေ​လေပြီ....။
ထို့​ကြောင့်​ ချက်​ချင်းပင်​ ဘုရင်​မင်းကြီး၏နန်း​ဆောင်​သို့ အ​ခြွေအရံများနှင့်​တစ်​ကွ သွား​လေသည်​။ ​နေရာတိုင်းတွင်​ အ​စောင့်​ရဲမက်​များကို ခပ်​စိတ်​စိတ်​ချထား​လေသည်​...။ နန်း​ဆောင်​သို့​ရောက်​​သော်​ ....

" အရှင်​မင်းမြတ်​ ကျွန်​​တော်​မျိုးမ လွဲ့ကျူး ခစား​ရောက်​ရှိလာပါပြီ "

" ၀င်​ခဲ့ပါ မင်းသမီး "

ခမ်းနားစွာတည်​​ဆောက်​ထား​သော နန်း​ဆောင်​တံခါးကို ကိုယ်​တိုင်​ဖွင့်​၍ ၀င်​လိုက်​လျင်​....ထိန်​ညီး​နေ​သော မီး​ရောင်​များဖြင့်​ လှပစွာရှိ​နေ​သော နန်း​ဆောင်​ကို​တွေ့မြင်​လိုက်​ရ၏...။

လှပ​သော မီးအိမ်​များကို သတိလက်​လွတ်​ဖြင့်​ ရင်​သက်​ရှု​မော​ငေးကြည့်​​နေပြီးမှ....ဘုရင်​မြင်းကြီးအားစိုးထိတ်​စွာ ဦးညွှတ်​ပြီးလျှင်​...

" လွဲ့ကျူး ​သေသင့်​တဲ့ပစ်​ဒဏ်​ကိုကျူးလွန်​မိပါတယ်​ အရှင်​မင်းကြီး "

" မလိုပါဘူး မင်းသမီး လွပ်​လပ်​စွာ​ပြောဆိုပါ ထိုင်​ပါ '"

" ​ကျေးဇူးပါပဲ အရှင်​ "

မင်းသမီးကကြီးမား​သော စားပွဲခုံကြီးတွင်​၀င်​ထိုင်​၏။ စားပွဲ​ပေါ်တွင်​ သီးနှံများစွာတို့
ကို တည်​ခင်းထား၏...။

ပန်းသီး.စပျစ်​သီး လိ​မ္မော်​သီး စသဖြင့်​ တည်​ခင်းထား၏...။ ထို့​နောက်​ မင်းကြီးက ​သေရည်​ကရားအိုးငယ်​​လေးကို ကိုင်​​မြောက်​ကာ ​ကျောက်​စိမ်းခွက်​ဖြင့်​ ​သေရည်​ကိုငဲ့၏...။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now