part 9

11K 648 9
                                    

( ၉ )

" အိမ်​​ရှေ့စံ ခမည်း​တော်​ တျလီနိုင်​ငံကို မနက်​ဖြန်​သွားမယ်​ "

" ခမည်း​တော်​...တျလီနိုင်​ငံကို ယုံကြည်​ပါရဲ့လား"

" တျလီ ကိုမသွားခင်​ အိမ်​​ရှေ့စံကို ထီးနန်းလွှဲခဲ့ချင်​တယ်​ ဒီ​ပတ္တမြား မျက်​ရှင်​ဓားကို အပ်​နှင်းခဲ့မယ်​ "

ကြားလိုက်​ရ​သောစကား​ကြောင့်​ ပီတိများစွာဖြစ်​သွားရ​သော်​လဲ လက်​​တွေ့မှာကား
" ခမည်း​တော်​ဘုရား မသင့်​​တော်ပါဘူး ဘုရား ..."

" တျလီနိုင်​ငံက အ​ကြောင်းအရင်းမရှိဘဲ ဒီနိုင်​ငံကိုမဟာမိတ်​လာမဖွဲ့ဘူး ကျင့်​ယွမ်​ ...ငါချင်​နိုင်​ငံကို ပြန်​မလာနိုင်​တဲ့အခါ​ရော ပြန်​လာနိုင်​ရင်​​ရော ထီးနန်းကို လွှဲ​ပေးထားခဲ့မှာပဲ "

" ခမည်း​တော်​ဘုရား တျလီနိုင်​ငံကို လိုက်​ခဲ့ချင်​ပါတယ်​ "

" မလိုဘူး ငါစစ်​သည်​အင်​အား အလုံအ​လောက်​​ခေါ်သွားမယ်​.."

" ခမည်း​တော်​ ဒါက အန္တာရာယ်​ကြီးလှပါတယ်​ "

" တိတ်​စမ်း ကျင့်​ယွမ်​ ဘုရင့်​အမိန့်​ကို ဖီဆန်​တာလား "

" မ၀ံ့ရဲပါ အရှင်​ဘုရား "

" မနက်​ဖြန်​ နန်းတွင်းထဲမှာပဲ တိတ်​တဆိတ်​ ထီးနန်းလွဲအပ်​မယ်​..."

အရှင်​မင်းကြီးက​တည်​ငြိမ်​စွာဖြင့်​ နန်း​ဆောင်​ထဲမှ ထွက်​သွား​လေသည်​...။

♕ ♕ ♕ ♕ ♕

" ချန်းလုံ ​ဝေ့ရင်း​ကို​တွေ့မိ​သေးလား "

" မ​တွေ့မိပါဘူး အရှင်​ "

" ဟမ့်....မနက်​အ​စောကြီး ဘယ်​သွား​နေပါလိမ့်...ချန်းလုံ...​​ဝေ့ရင်း​​ကို ရှာပြီး ဘယ်​မှာရှိလဲ ​ပြောလာ "

" ဟုတ်​ကဲ့ပါ အရှင်​ "

ချန်းလုံထွက်​သွားသည်​နှင့်​ ညက မိမိတစ်​​ယောက်​ထဲ လျို့ဝှက်​အ​ဆောင်​ထဲတွင်​ အိပ်​​ပျော်​​နေရသည့်​အဖြစ်​ကို ​တွေးမရ...။ အရက်​​တွေအများကြီး​သောက်​ပြီး ဘာမှမမှတ်​မိ...။ တစ်​ခါမှမ​သောက်​ဖူးသူမို့ အ​ခြေအ​နေပိုဆိုး​နေသည်​..။ ​​ဝေ့ရင်း​စိတ်​ဆိုး​လောက်​သည့်​အပြုအမူများ လုပ်​မိလိုက်​လို့လား....?

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now