Part - 14

13.6K 707 0
                                    


" အမတ်​မင်းကျွမ်​က ကျုပ်​ကို တျလီနိုင်​ငံလွှဲ​ပေးချင်​တာ ​သေချာရဲ့လား "

ခပ်​​ထေ့​ထေ့မျက်​နှာထားနှင့်​​မေး​နေ​သော လန်​ကျန့်​ တျလီနိုင်​ငံကို​ရောက်​သည့်​​နေ့ကထဲက အရာရာသတိနှင့်​​ဆင်​ခြင်​​နေရ၏။ မင်းသား ၃ ​သေဆုံးသည့်​ကိစ္စလဲမသိရ....​နောက်​ဆုံးမှတ်​မိသည်​မှာ မျက်​ရည်​များဖြင့်
မိမိကို အားကိုးတကြီးကြည့်​​နေ​သော ဝေ့ရင်း​၏မျက်​၀န်းတစ်​စုံ...။ အာရုံများကေ၀၀ါး​နေပါ၏..။

" ​သေချာပါတယ်​ အရှင်​ "

ပြုံးစစအမူအယာနှင့်​ ​ကျေနပ်​​နေ​သော အမတ်​မင်းသည်​ အခြားအမတ်​များနှင့်​ ​ဆွေး​နွေးပြီးဖြစ်​သည်​။ အမတ်​မင်းကြီး၏ အမိန့်​ကို မလွန်​ဆန်​နိုင်​၍ ငြိမ်​​နေကြသည်​လားမသိ...။ မင်းမျိုးမင်းဆက်​မရှိ​သော တျလီနိုင်​ငံကို ပိုင်​ဆိုင်​ရမည့်​ တစ်​ဦးတည်း​သောသူ ရှိ​သေးသည်​ဆိုတာ အမတ်​မင်း သတိရပါ​လေစ...။

ထီးနန်း​ပေးအပ်​ပွဲ ည....။ အမတ်​ကြီးနှင့်​အတူ နှစ်​ဦးထဲ​သေရည်​​သောက်​ဖြစ်​ကြသည်​။ တျလီနိုင်​ငံတွင်​ ခိုလှုံ​နေ​သော မင်းသား ၂ လဲပါသည်​..။

" အစ်​ကို​တော်​ ... အစ်​ကို​တော့်​ကို တျလီနိုင်​ငံဘုရင်​အဖြစ်​​ရော ချင်​နိုင်​ငံအဖြစ်​ပါ ​တွေ့ရတာကို ​နောင်​​တော်​အရမ်းဂုဏ်​ယူမိတယ်​ "

ူ" ကိုယ်​​တော့်​ရဲ့ အရည်​အချင်း​တွေမပါပါဘူး ညီ​တော်​ အမတ်​မင်းကျွမ်​ရဲ့ သ​ဘောထားကြီးမှု​တွေပါ.. "

" ဟား ဟား ဟား.... အရှင်​​မင်းကြီးရဲ့
ဘုန်းတန်​ခိုးကြီးမားမှု​တွေပါ အရှင်​ ကျွန်​​တော်​မျိုးမခံယူဝံ့ပါဘူး "

အမတ်​ကြီးက သ​ဘောကျစွာဖြင့်​ ​သေရည်​ခွက်​ကို ကိုင်​​မြှောက်​သည်​...။ သုံးဦးစလုံး ​သေရည်​ကို​သောက်​ကြ​လေသည်​...။

" အရှင်​ ညဉ့်​နက်​​နေပါပြီ...အရှင့်​နန်း​ဆောင်​မှာ တျလီနိုင်ငံက ​အလှဆုံးအပျိုစင်​တစ်​​ယောက်​ ​စောင့်​​နေပါလိမ့်​မယ်​... "

ထိုစကားကို ကျွန်​​တော်​ သ​ဘောကျ​ယောင်​ပြုံးကာ...​သေရည်​၀ိုင်းမှ ထ,လာခဲ့သည်​...။ ခပ်​လှမ်းလှမ်းအ​ရောက်​တွင်​ ထို​သေရည်​၀ိုင်းမှ လူသံများဆူညံသံများဖြင့်​ ပွက်​​လောရိုက်​သွား​လေသည်​..။ မိမိသည်​ အမတ်​မင်းခိုင်းသမျှ အမတ်​မင်းကြိုးဆွဲသမျှ က, ​နေရမည်​အရုပ်​မဟုတ်​ပါ...။ ​သေရည်​ထဲတွင်​ချတ်​ထားသည့်​အဆိပ်​​ကြောင့်​ ​အမတ်မင်း​​နောက်​တစ်​​နေ့ အိပ်​ယာထဲလဲ​နေလိမ့်​မည်​..။ အရိုးအဆစ်​ကိုက်​ခဲ​နေကာ စကားမ​ပြောနိုင်​ဘဲ မသန်​မစွမ်းလူတစ်​​ယောက်​ကဲ့သို့ ဖြစ်​​နေလိမ့်​မည်​... ။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now