Part 3

14.4K 877 12
                                    

( ၃ )

" သခင်မ​​လေး ဖန်း​အော်​ ...... အကြီး​တော်​ မိန်​ အခစား​ရောက်​ရှိ​ပါတယ်​...."

" ငါဘယ်​သူနဲ့မှ မ​တွေ့ချင်​ဘူး....."

ငယ်​စဉ်​ကထဲက ထိန်း​ကျောင်းခဲ့ရသည့်​....သခင်​မဖန်း​အော်​အား နှစ်​သိမ့်​​ပေးရသည်​မှာ အကြိမ်​တစ်​ရာမက....

" သခင်​မ​လေး အိမ်​​ရှေ့စံမင်းသားတစ်​ဟာ နတ်​ရွာစံသွားခဲ့ပါပြီ.....သခင်​မ အားရှိဖို့ ထမင်း​လေး​တော့စားရပါမယ်​....."

" အိမ်​​ရှေ့စံက ဘာလို့နတ်​ရွာစံရမှာလဲ....
အကြီး​တော်မိန်​​....စကားကို ချက်​ချင်းပြင်​ပါ....."

" ဟူး....."

အကြီး​တော်​ မိန်​ သည်​လဲ သက်​ပြင်းအသာချ၍ သခင်​မ​လေးအား ​ဖျောင်းဖျရန်​ သခင်​မ ဖန်း​အော်​၏ အနီးသို့သွားလိုက်​လျှင်​......

" အကြီး​တော်​ မိန်​....ဒါ မင်းသားသုံးရဲ့ လက်​ချက်​ပဲဖြစ်​ရမယ်​.....အရာရာကိုဂရုစိုက်​​နေတတ်​တဲ့ အိမ်​​ရှေ့စံက ဘယ်​လိုဖြစ်​ပြီး ချက်​ချင်းနတ်​ရွာစံရမှာလဲ....."

" စကားကို ဆင်​ခြင်​​စေချင်​ပါတယ်​ သခင်​မ....အခုအချိန်​မှာ မင်းသားသုံးဟာ ​အိမ်​​ရှေ့စံအရိုက်​အရာ ဆက်​ခံ​ပြီးပါပြီ..... အကြီး​တော်​ မိန်​ သခင်​မ​လေးကို မထိခိုက်​​စေချင်​ပါဘူး...."

" ငါဂရုမစိုက်​ဘူး....ငါအိမ်​​ရှေ့စံရှိတဲ့​နေရာ ကိုသွားမယ်​....."

ဖန်း​အော်​ သည်​ချက်​ချင်းပင်​ အခန်းအပြင်​ဘက်​သို့ထွက်​ကာ.....အိမ်​​တော်​မှ...ထွက်​သွားရန်​ပြင်​​နေ​လေသည်​.....။

သခင်​မ​လေးသည်​ အခြား​နေရာတွင်​ နူးညံ့​သော်​လဲ...အိမ်​​ရှေ့စံမင်းသား လန်ကျန့်​​နှင့်​ပတ်​သတ်​လျှင်​ အရာရာကိုဥပက္ခာပြုထားတတ်​သူဖြစ်​​လေသည်​.....။

ယခုလဲ တား၍မရမည်​ကို အကြီး​တော်​ မိန် ​သိသဖြင့်​ သခင်​မ​လေးအား​စောင့်​​ရှောက်​ရန်​....ကိုယ်​ရံ​တော်​ ယိဖုန်း အား အ​နောက်​မှ လိုက်​သွားရန်​ ​စေလွှတ်​လိုက်​​လေသည်​.....။

သခင်​မ ဖန်း​အော်​သည်​...​မေတ္တာ​တောင်​ကြားရှိရာ....​နေရာသို့......။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now