Part 5

12.4K 761 11
                                    

ယင်း ​တိုင်းပြည်​......၊ တျလီ တိုင်းပြည်​ ....၊ ချူ တိုင်းပြည်​.....နှင့်​ ချင်​ တိုင်းပြည်​.....​တို့သည်​အိမ်​နီးချင်းတိုင်းပြည်​များဖြစ်​ကြသည်​.....။

တျလီတိုင်းပြည်​.......​။ ​အေးချမ်းသာယာ​သော ....နယ်​နိမိတ်​ နိုင်​ငံငယ်​​လေးတစ်​ခု.....
။ မည်​သည့်​နိုင်​ငံကိုမျှ စစ်​မခင်း....စစ်​မတိုက်​......သို့​သော်​....တွင်းထွက်​ပစ္စည်း ​ကျောက်​မြက်​ရတနာများ ​ပေါများလွန်း​သော....​နယ်​​မြေ....။

ပယ်​လယ်​နယ်​နိမိတ်​နှင့်​ ထိစပ်​​နေသဖြင့်​ ​ရေသယံဇာတများလဲ ​ပေါများသည်​....။ ​​ရေ​အောက်​ရတနာ...ပုလဲဝါ.....ပုလဲနက်​....အစရှိသည့်​ ရှားပါးရတနာများကလဲ​ပေါများလွန်းသဖြင့်​ အခြားတိုင်းပြည်​များက တက်​မက်​လိုချင်​​ကြသည်​...။

အခြားတိုင်းပြည်​များက....အကြိမ်​ကြိမ်​အခါခါ စစ်​ခင်းကြသည်​...။ စစ်​တိုက်​ကြသည်​....။ ထိုအထဲတွင်​ ဟိုးယခင်​​ရှေးအဆက်​ဆက်​ကထဲက ရန်​သူကဲ့သို့ဖြစ်​​နေခဲ့​သော ချင်​ နိုင်​ငံက တျလီနိုင်​ငံ၏ နယ်​​မြေကိုလိုချင်​သည်​...။ သိမ်းပိုက်​ချင်​သည်​......။

အခြားနိုင်​ငံများထက်​ အင်​အားကြီးမား​သော ချင်​နိုင်​ငံက စစ်​ခင်းကာ နယ်​ချဲ့​လေ့ရှိသည်​.....။ တျလီ နိုင်​ငံကို စစ်​ခင်းရာတွင်​မူ....နိုင်​ငံပင်​​သေးငယ်​​သော်​လဲ ​သွေးစည်းကာ အရည်းအချင်းပြည့်​ဝ​သော ရဲမက်​စစ်​သူရဲ​ကောင်းများစွာရှိ​နေသဖြင့်​......အနိုင်​ရသိမ်းပိုက်​ရန်​မလွယ်​ကူခဲ့​ပေ....။

လက်​စား​ချေစိတ်​ရှိတတ်​​သော ဘုရင်​....။.
တျလီနိုင်​ငံ.....ဘုရင်​ကြီး " တျလီ နယမ်​ ".....။
လွန်​ခဲ့​သော...နှစ်​အနည်းငယ်​က တျလီပြည်​သို့ ကျူး​ကျော်​တိုက်​ခိုက်​ခဲ့​သော...ချင်​ နိုင်​ငံအား အခဲမ​ကျေ​သေး....။

ထိုအချိန်​က အ​ရေးမလှသဖြင့်​ နှစ်​ဖက်​စလုံး အထိနာခဲ့​လေသည်​....။ ထို့​ကြောင့်​ ဘုရင်​ကြီးသည်​ ....တိုင်းပြည်​ရှိ....​က​လေးငယ်​များနှင့်​ ...သက်​ကြီးရွယ်​အိုများမှလွဲ၍လူရွယ်​လူငယ်
ယောက်ျားသားများအားလုံး ကိုစစ်​မှုမထမ်းမ​နေရအမိန့်​ထုတ်​ပြန်​ထားသည်​.....။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now