Part - 11

10.2K 609 2
                                    

" လန်​ကျန့်​ !!!!... .."

အိမ်​​တော်​ ၆ ​​​ရေစိမ်းအိုင်​ကို ဖြတ်​ကာ​ဆောက်​ထားသည့်​ တံတားခုံးခုံး​​လေး၏ အလယ်တည့်တည့်​ ​​လက်​ရန်း​​ပေါ်တွင်​ထိုင်​နေသည့်​ လန်ကျန့်​​အား
လှမ်း​ခေါ်လိုက်​သည်​ ။...

" ဟမ်​..."

မိမိအသံကြားသည်​နှင့်​ ချက်​ချင်း ...လှည့်​ကြည့်​လာ၏...။ သူ့ရဲ့ မျက်​၀န်းအစုံမှာ​တော့...
အရင်​အတိုင်း စိမ်းဖန့်​ဖန့်​နှင့်​ကြည့်​၍​ကောင်းတုန်း...။

" ​​ဝေ့ရင်း...".

မိမိနာမည်​ကို​ရေရွတ်​ကာ မတ်​တပ်​ရပ်​လိုက်​သည်​နှင့်​.....သူ့ဆီသို့​ပြေးသွားလိုက်​ရင်း...

" ၀ှစ်​..."

ရုတ်​တရက်​​ရောက်​ချလာ​သော လက်​သီးချက်​ကို ပါးနပ်​စွာဖြင့်​ ​ခြေအ​ရွှေ့တစ်​ချက်​ထဲဖြင့်​​ရှောင်​လိုက်​ပြီး ထိုလက်​ကိုဖမ်းဆုပ်​ကာ ​နောက်​​ကျောသို့ပို့၍ ချုပ်​ထားလိုက်​သည်​...။

လက်​တစ်​ဖက်​ထဲဖြင့်​ ချုပ်​ထားပြီး ကျန်​လက်​တစ်​ဖက်​က မိမိရင်​ထဲသို့အလိုလို​ရောက်​​နေ​သော ​ဝေ့ရင်း​ကို သိုင်းကာ ဖက်​ထားလိုက်​ရင်း..

" ဆရာ...တပည့်​ကိုမမှီ​တော့ဘူး​နော်​..."

" အရူး​ကောင်​..."

" ငါ့ဆရာက ငါ့ကိုလာ​တွေ့တယ်​​ပေါ့ ..."

" ငါ့ကိုလွှတ်​စမ်း...အရူး..."

" မလွှတ်​ဘူး...ဘယ်​​တော့မှ..."

" ငါကနင့်​အိမ်​​မွေးတိရိ စ္ဆန်​လား ..မင်း​ရဲ့ငှက်​လား.."

" အဲ့တာထက်​တော့သာတယ်​ "

" ဘယ်​​တွေသွား​နေတာလဲ ....မင်း​ဘယ်​​တွေ​ရောက်​​နေခဲ့တာလဲ..."

ဒီတစ်​ခါ​တော့...ခါတိုင်းလို​လေသံကမမာ​တော့ပဲ..စိုးရိမ်​ပူပန်​​နေသည့်​အသံမျိုးဖြစ်​​နေ၏..။ ချုပ်​ထားသည့်​လက်​ကိုလွှတ်​​ပေးလိုက်​သည်​နှင့်​ ရုတ်​တရက်​ မိမိရင်​ခွင်​​ထဲသို့ က​လေးငယ်​တစ်​​ယောက်​လို တိုး​ဝှေ့လာ​သော​ဝေ့ရင်း​ကိုပြန်​လည်​​ထွေး​ပွေ့ထားလိုက်​သည်​...။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Όπου ζουν οι ιστορίες. Ανακάλυψε τώρα