Part-16

6.3K 311 0
                                    

"သွန်း! အိပ်​​နေပြီလား"

ဇွဲထက်​သန့်​ သွန်းခ အခန်း​ရှေ့က​နေ ​မေးလိုက်​သည်​~

"သွန်း! ကိုယ်​၀င်​လာမယ်​​နော်​"

သူ တံခါးကို အသာ​လေးဖွင့်​ပြီး အထဲကို ၀င်​လာခဲ့
လိုက်​သည်​~

အခန်းထဲက ကုတင်​​ပေါ်မှာ ဖက်​​ခေါင်းအုံးကြီးပိုက်
ပြီး အိပ်​​နေတဲ့ သွန်းခ~

"သွန်း! အိပ်​​ပျော်​​နေပြီလား"

သွန်းနား​လေး ကပ်​ပြီး ​လေသံ​လေးနဲ့ ​မေးလိုက်​သည်​~အချိန်​ကိုကြည့်​​တော့လဲ သန်း​ခေါင်​​ကျော်​​နေ
ပြီ~

".............."

သူ သွန်း​ဘေးနားမှာ ၀င်​လှဲလိုက်​ပြီး ​ခေါင်းကို လက်
ထောက်​ကာ သွန်းမျက်​နှာ​လေးကို ကြည့်​​နေလိုက်​သည်​~

ဖက်​​ခေါင်းအုံးကြီးကို ပိုက်​ကာ နှစ်​ခြိုက်​စွာ အိပ်​​မော
ကျ​နေတဲ့ သူ့သွန်းက​တော့ ဘယ်​ချိန်​ကြည့်​ကြည့်
ချစ်​စရာ ​ကောင်း​နေသည်​~

"မင်းက​တော့ အိပ်​​ပျော်​​နေလိုက်​တာ! ကိုယ်​က​တော့
အိပ်​လို့မရဘူး"

သူ သွန်း​​​ခေါင်းကို ဖွဖွ​လေးကိုင်​ကာ ​ပြောလိုက်​သည်
ဒီကြားထဲ နိုးသွားမှာလဲ ​ကြောက်​ရ​သေးသည်​~

"ကိုယ်​ကို ဘယ်​​တော့မှ ချစ်​တယ်​လို့​ပြောမှာလဲကွာ"

"~~ဟူး~~"

ဇွဲထက်​သန့်​ ​ပြောရင်း သက်​ပြင်း​တွေချမိသည်​~

သူ သွန်းကို ဘယ်​​လောက်​ချစ်​တယ်​ဆိုတာ သူသာ
အသိဆုံး~ဒါကို သွန်းကပဲ မမြင်​တာလား~သူကပဲ
သွန်း မြင်​​အောင်​ မပြတတ်​တာလား~

ည​နေက ကိစ္စနဲ့ပတ်​သတ်​ပြီး သွန်းကို ဆုံးရှုံးရမှာကို
သူပို​ကြောက်​လာမိသည်​~​မြွေ​မြွေချင်းပဲ ​ခြေမြင်​တယ်​လို့ ​ပြောရမလား~အဲ့​ကောင်​​လေးကလဲ သွန်း
ကို ချစ်​​နေတယ်​ ဆိုတာ မ​ပြောဘဲနဲ့ သူသိ​နေသည်

"Good night! Baby"

သူ သွန်းဆံပင်​​လေး​တွေကို တစ်​ချက်​နမ်းရှိုက်​လိုက်
ပြီး ကုတင်​​ပေါ်က ဆင်းဖို့ ပြင်​လိုက်​သည်​~

My Owner(Completed)Where stories live. Discover now