Part-22

7.1K 391 31
                                    

လူသားနှစ်​​ယောက်​ ​ဝေးကွာ​နေတဲ့အချိန်​မှာ လွမ်း​နေ
ရတဲ့သူက အရှုံးပါပဲ....
ကိုယ့်​ကို ဂရုစိုက်​ကြင်​နာပြခဲ့တဲ့သူ ကိုယ့်​ဆီက​နေ
အ​ဝေးကိုထွက်​သွားချိန်​မှာ တမ်းတ​နေမိတာလဲ
အရှုံးပါပဲ....
အခုချိန်​ သူသာအနားမှာရှိ​နေရင်​လို့ ​တွေး​နေမိတာလဲ အရှုံးပါပဲ....
ကိုယ့်​အချစ်​​တွေကို​တောင့်​တ​နေတဲ့သူရှိတာ​တောင်
ကိုယ့်​အချစ်​​တွေ​အားလုံးက သူ့အတွက်​ပဲ ဖြစ်​​စေရ
မယ်​လို့ အတ္တ​တွေကြီး​နေမိတာလဲ အရှုံးပါပဲ....
ပြန်​လာမယ်​ထင်​ပြီး အခုချိန်​ထိ​စောင့်​​နေမိတာလဲ
အရှုံးပါပဲ....
အဲ့အရာ​တွေအားလုံးက အရှုံး​တွေဖြစ်​မယ်​ဆိုရင်
တောင်​ ကျွန်​​တော်​သူ့ကို မ​မေ့နိုင်​​သေးဘူး.....
စချစ်​ခဲ့တာ ကျွန်​​တော်​မဟုတ်​​ပေမဲ့ အဆုံးမှာ​တော့
ကျွန်​​တော်​ပဲ လွမ်းရစ်​​နေခဲ့ရတယ်​....
တောင်းပန်​ပါတယ်​..ကျွန်​​တော်​သူ့ရဲ့ ကြင်​နာမှု​တွေ
အောက်​မှာ အရည်​​ပျော်​ခဲ့တယ်​ ထင်​တယ်​.....

💓💓💓

သွန်းခ ဒိုင်​ယာရီစာအုပ်​​လေးကိုပိတ်​လိုက်​ပြီး အခန်းထဲက​နေ အပြင်​ကိုထွက်​လာခဲ့လိုက်​သည်​။မီးဖို​ချောင်​ ထဲကအုန်းနို့​ခေါက်​ဆွဲအရည်​ အနံ့​လေးက သူ့ကိုဆွဲ
ဆောင်​​နေသည်​မို့ ချက်​ချင်းပဲ သူ​ပြေးဝင်​သွား​လိုက်​သည်​။မီးဖိုထဲမှာ​တော့ ကြီးမြနဲ့အတူ အလုပ်​ရှုပ်​​နေ​သော​မေ​မေ။ သွန်းခ ​မေ​မေနားကိုသွားကာ ​နောက်​က​နေ သိုင်းဖက်​ထားလိုက်​သည်​။မေ​မေ့ကို သူဒီလို
မချွဲနွဲ့ရတာလဲ ကြာခဲ့ပြီ။

"အမယ်​! ဒီ​နေ့အလုပ်​မသွားရတာ​တောင်​ အ​စော
ကြီးနိုးလို့ပါလား"

"အင်း"

သူ​မေ​မေ့​​ကျောပြင်​မှာ မျက်​နှာအပ်​ကာ မှီထားလိုက်​သည်​။

"ဖယ်​ပါဦး သွန်းခရယ်​! ​မေ​မေ ဒီမှာအလုပ်​လုပ်​​ရဦး
မယ်​​လေ"

"အွန်​! ​မေ​မေကလဲ ခဏ​လေးပဲဟာကို"

"Aww! ဒါနဲ့ ​မေ​မေတို့ ​မွေး​နေ့ရှင်​​လေး​ကော မနိုး
သေးဘူးပြီလား"

My Owner(Completed)Where stories live. Discover now