"မေမေ သားပြန်တော့မယ်"
"ဟမ်~သား! ပြန်တော့မလား"
'သွန်းခ'မေမေ့ကို နှုတ်ဆက်ပြီးတာနဲ့ ထွက်လာခဲ့လိုက်သည်~
"သွန်း! ကိုယ့်ကိုစောင့်ဦးလေ"
'ဇွဲထက်သန့်' သွန်းခနောက်ကို ပြေးလိုက်ကာ
လက်ကို ဖမ်းဆွဲထားလိုက်သည်~"သွန်း! ကိုယ့်ကို စိတ်ဆိုးနေတာလား"
"မဆိုးပါဘူး!"
"အာ့ဆို! ဘာလို့ ကိုယ့်ကိုမစောင့်တာလဲ"
"နာရီကြည့်ဦးလေ! ဆိုင်သွားရတော့မယ်!
ကျွန်တော့်လက်ကို လွှတ်တော့"'သွန်းခ' လက်ကိုဆွဲဖြုတ်ပြီး ထွက်လာခဲ့သည်~
"သွန်း! သွန်း!"
*********
"Hi! သွန်းခ လာပြီလား"
"ဟုတ်! ဂျာကြီး"
ခါတိုင်း သူက စပြီးနှုတ်ဆက်ရင်တောင် ပြန်ပြောချင်
မှပြောတတ်တဲ့ ဂျာကြီးက စပြီးနှုတ်ဆက်တယ်ဆို
တော့ ထူးတော့ထူးဆန်းနေသည်~"ဖြည်းဖြည်းသွားဦး! ဗိုက်ဆာနေရင်လဲ အရင်စား
လိုက်ဦးနော်!ပြီးမှလုပ်""ဟုတ်"😦😦😦
သွားပြီ~~သွားပြီ~~နေခုနစ်စင်းတော့ တကယ်
ထွက်တော့မယ်ထင်သည်~"ဟဲ့! သွန်းလေး! လာပြီလား! နေကောင်းတယ်မလား! ကိုယ်တွေပူနေသေးလား! မှန်းစမ်း"
ပြောချင်ရာတွေပြောပြီးမှ သူ့နဖူးကို လာစမ်းတဲ့
မိယွန်း~"ကဲ~လာပါပြီရှင်~လာပါပြီ~~ကဲရော့! သွန်းလေး!
သောက်လိုက်ဦး"ရေတစ်ခွက် ယူပြီးသူ့ကို လာတိုက်တဲ့ မိပေါက်~
"နေပါဦး! နင်တို့တွေ ဒီနေ့ဘယ်လိုဖြစ်နေကြတာလဲ"
ဆိုင်ထဲ၀င်လာတဲ့ လမ်းတစ်လျှောက်မှာလဲ သူ့ကို
နှုတ်ဆက်တဲ့သူက နှုတ်ဆက်~အရိုအသေပေးတဲ့သူက ပေးကြတာမို့ မနည်းရှောင်လာရသည်~

YOU ARE READING
My Owner(Completed)
Fantasy👑The meaning of owner in english dictionary is a person who own something. Something? If I am owner, what is something for me?For me, something is...💘 #Myanmar fiction💚 #Boy Love❤