Part-20

7.1K 325 15
                                    

"ပါပါး"

ဇွဲထက်​သန့်​ အသံက အက်​ကွဲကာ တုန်​ရီလှိုက်​​မော
နေသည်​။ မျက်​ရည်​​မကျ​အောင်​ အတင်းထိန်းထားရ
သည်​မှာ ​ပြောစရာမလို​အောင်​ပင်​ သွန်းခ သိ​နေ
သည်​။ ကုတင်​​ပေါ်မှာ​တော့ ပိတ်​ဖြူ လွှမ်းကာ ငြိမ်​သက်​​နေတဲ့ ထိုပါပါးဆိုသည့်​ ဦးဇွဲမာန်​။

"သား!"

တစ်​ဖက်​မှာ​တော့ ၀မ်း​ခေါင်းသံနဲ့အတူ ဦး​လေးဘစိုင်
ရုတ်​တရက်​ကြည့်​လိုက်​လျှင်​ သက်​ရှိလူတစ်​​ယောက်​လို့​တောင်​ ထင်​ရက်​စရာမရှိ​တော့တဲ့ တစ်​ကိုယ်​လုံး
နေရာလပ်​မရှိ​အောင်​ ပတ်​တီးအ​ဖွေးသားနဲ့ သူရ~

မြင်​ကွင်းနှစ်​ခုလုံးမှာ တစ်​ခုမှ စိတ်​ချမ်းသာစရာမရှိ၊
ဘေးကကြည့်​​နေရတဲ့ သူ​တောင်​ စိတ်​မသက်​မသာ
ဖြစ်​မိသည်​မို့ သူတို့နဲ့သက်​ဆိုင်​တဲ့သူ​​တွေသာဆိုလို့
က​တော့ ဘယ်​​လောက်​ခံစား​နေရမလဲဆိုတာ
သွန်းခ နားလည်​မိသည်​။

သွန်းခ ကိုဇွဲထက်​သန့်​နားကို သွားလိုက်​ကာ အဲ့တစ်
ယောက်​ရဲ့လက်​​ကြား​လေး​တွေထဲကို သူ့​လက်
ချောင်း​လေး​တွေထည့်​ကာ ယှက်​သွယ်​ပြီး တင်းကျပ်​စွာ ဆုပ်​ကိုင်​ထားလိုက်​သည်​။

ဇွဲထက်​သန့်​ သူ့ကို လှည့်​ကြည့်​လိုက်​တဲ့ မျက်​လုံး
တွေ​ထောင့်​မှာ ကြည်​လဲ့လဲ့ မျက်​ရည်​တစ်​ချို့က ရစ်
ဝိုင်း​နေကြသည်​။ ​တစ်​​လောကလုံးမှာ ​ဆွေမျိုးဆိုလို့
အ​ဖေတစ်​​ယောက်​သာ ရှိတဲ့ ဇွဲထက်​သန့်​ရဲ့ ဖခင်
တစ်​​ယောက်​လုံး ဆုံးရှုံးလိုက်​ရတဲ့ ခံစားချက်​ကို သူ
ဝင်​ပြီး စာနာမိသည်​။

"တင်းမထားနဲ့"

ငိုချင်​​နေ​ပေမဲ့ ဟန်​​ဆောင်​ပြီး တင်းခံထားရတဲ့ ခံစား
ချက်​က ပိုဆိုး​စေသည်​။ ခံစားချက်​​တွေကို မြိုသိပ်​ထားရတာက အရမ်းပင်​ပန်းတဲ့ အလုပ်​တစ်​ခုဆိုတာ ကြုံဖူးသူ​တွေမှ နားလည်​နိုင်​ကြလိမ့်​မည်​။

"သွန်း! ကိုယ်​နဲ့ အပြင်​ကို ခဏ​လောက်​လိုက်​ခဲ့​ပေးပါလား"

My Owner(Completed)Where stories live. Discover now