"သူရ! ဇွဲထက်သန့် အခြေအနေ"
သူရ ဦးလေးဇွဲမာန်ကို ခေါင်းခါပြလိုက်သည်~
"ကောင်းပြီလေ! ဒီကောင် ဘယ်လောက်ထိ ခံနိုင်
မလဲ ကြည့်ရသေးတာပေါ့"**********
"ဟမ်! သွန်း! မနက်အစောကြီး ဘယ်သွားမလို့လဲ"
'သွန်းခ´ ဖိနပ်စီးနေရာကနေ အဲ့တစ်ယောက်
အမေးကြောင့် လှည့်ကြည့်လိုက်သည်~"အိမ်ပြန်မလို့"
"ဟမ်! အိမ်ပြန်မလို့! ဘာလို့လဲ!ကိုယ့်ကြောင့်လား"
"ဟုတ်တယ်! ခင်ဗျားနဲ့မနေချင်လို့"
'သွန်းခ´ပြီးတာနဲ့ ထွက်လာခဲ့လိုက်သည်~
"ဂျွတ်~~~~"
လမ်းလျှောက်လာရင်း အနောက်က တစ်ယောက်
ယောက်လိုက်လာသလိုလို ဘာလိုလို~သူပဲစိတ်
ထင်တာလားမသိ~လှည့်ကြည့်တော့လဲ ဘာမှမတွေ့~ရုတ်တရက်
ကြက်သီးတွေတောင် ထလာမိသည်~ကားမှတ်တိုင်ရောက်ဖို့ကလဲ လိုသေးတာမို့ ခပ်
သွက်သွက်ပဲ လျှောက်လာခဲ့လိုက်သည်~'သွန်းခ´စီးရမဲ့ YBS ကားလာတာနဲ့ တက်ဖို့ပြင်လိုက်သည်~
ရုတ်တရက် လှမ်းတက်လိုက်တဲ့ ခြေတစ်ဖက်က
အပေါ်မရောက်ဘဲ ဟန်ချက်ပျက်သွားကာ နောက်
ပြန်လန်ကျလာသည့် အနေအထား~"အင့်~~~"
ပြုတ်ကျပြီလို့ ထင်ထားပေမဲ့ အနောက်က လှမ်းပွေ့လိုက်တဲ့တစ်ယောက်ကြောင့်~
နွေးထွေးလှတဲ့ ရင်ခွင်နဲ့ သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေး
"ဟမ်~~ခင်ဗျား"
အချိန်ရထားကြီးက ငါးမိနစ်လောက် ရပ်တန့်သွား
သည် ထင်ပါရဲ့~"ဒီက ညီလေးတို့ ကားပေါ်တက်ဦးမှာလားခင်ဗျ"
Driver စကားကြောင့် သွန်းခ သူ့ကို တွန်းထုတ်ကာ
ကားပေါ်တက်လာခဲ့လိုက်သည်~

ВЫ ЧИТАЕТЕ
My Owner(Completed)
Фэнтези👑The meaning of owner in english dictionary is a person who own something. Something? If I am owner, what is something for me?For me, something is...💘 #Myanmar fiction💚 #Boy Love❤