Part-19(Unicode)

2.5K 120 0
                                    

'Be brave if you love!´
ချစ်​မိတဲ့အခါ သတ္တိရှိပါ!

တကယ်​​တော့ ဇွဲထက်​သန်​့ သွန်​းခဆိုတဲ့ သူ့ထက်​
နှစ်​နှစ်​​လောက်​ငယ်​တဲ့ ​ကောင်​​လေးကိုမြင်​မြင်​ချင်​း
ချစ်​မိခဲ့သည်​။ မဟုတ်ဘူး​၊ အဲ့တုန်​းက အဲ့​ကောင်​​လေးကို သူတစ်​ဦးထဲ အပိုင်​သိမ်​းထားချင်​ခဲ့တာ၊ ဘယ်​သူကိုမှ ​ပေးမကိုင်​၊ ​ပေးမထိရက်​​လောက်​​အောင်​ကို
ရင်​ခွင်​ထဲမှာ ဥထားချင်​ခဲ့တာ။ ဒါ​တွေအားလုံးက သူ့
ကိုချစ်​သွားမိခဲ့​တဲ့ ​ရေ​သောက်​မြစ်​ကြီးက​နေ ဖြစ်​​ပေါ်လာတဲ့ အကိုင်​းခွဲ​လေး​တွေသာ။

ဘ၀မှာထင်​မှတ်​မထားတဲ့ အရာ​တွေဆိုတာလဲရှိစမြဲ
ပါ။ ဇွဲထက်​သန်​့ ကိုယ်​တိုင်​လဲ ​ယောက်​ျား​လေးတစ်​
​ယောက်​ကို ရင်​ထဲနှစ်​နှစ်​ကာကာ ချစ်​ခဲ့မိလိမ်​့မယ်​လို့
ဘယ်​​သောအခါမှ မထင်​ထားခဲ့။

တကယ်​​တော့လဲ အချစ်​ဆိုတဲ့ဟာက တကယ်​ချစ်​မိ
ပြီဆိုရင်​ gender ဆိုတာက no need ပါ။ သူဆိုတဲ့
သူကိုပဲ ချစ်​တာဖြစ်​တဲ့ သူဟာ ​ယောက်​ျားဖြစ်​​စေ၊
မိန်​းမဖြစ်​​စေ သူဟာသူပါပဲ။

ဒါ​ကြောင်​့ တစ်​ချို့​တွေ​ပြောကြတာက
'Love is Love´ပါတဲ့။

ဇွဲထက်​သန်​့ အဲ့အဖြူ ​ကောင်​​လေးကို တကယ်​့ကို
တစ်​ဘ၀လုံးစာအတွက်​ ရည်​ရွယ်​ပြီး ချစ်​ခဲ့ရတာပါ။
သို့​ပေမဲ့ ​မွေးသဖခင်​ ပါပါးရဲ့ ကျန်​းမာ​ရေး​ကြောင်​့ ​ရှေ့ဆက်​တိုးဖို့ ​တွေ​ေ၀ခဲ့ရသည်​။ တုံတုံ​လေးဆီ မလာခင်​ သူရ ပို့လိုက်​တဲ့ message တစ်​​စောင်​​ကြောင်​့သာ သူအားလုံးကို နားလည်​ခဲ့ရသည်​။ ဒါ​တွေအားလုံး ပါပါးရဲ့ လှည်​့ကွက်​တစ်​ခုဆိုတာကို။

ဇွဲထက်​သန်​့တို့ကား​လေး ပြင်​ဦးလွင်​က ခြံ​လေးထဲကို
​နောက်​တစ်​​ခေါက်​ ​ရောက်​လာဖြစ်​ကြသည်​။

"သွန်​းကိုယ်​့ကို စိတ်​ဆိုး​နေ​သေးလားဟင်​"

ခြံထဲက ခုံ​လေး​မှာထိုင်​​နေတဲ့ သွန်​းအနားကို သွားကာ ​မေးလိုက်​မိသည်​။ သွန်​းက​တော့ ပန်​းပင်​​လေး​
​တွေကို ကြည်​့ကာ ​တွေ​ေ၀​ငေး​မောလျက်​~

My Owner(Completed)Where stories live. Discover now