ကျွန်တော်သိပါတယ်....
သူ့စိတ်ထဲမှာ ကျွန်တော်က ညီလေးတစ်ယောက်ထက်မပိုဘူးဆိုတာ....
ဟားဟား..လူတွေကခက်သားနော်...ကိုယ့်ကိုချစ်ပါ
တယ် ကြိုက်ပါတယ်ဆိုတဲ့သူတွေကိုတော့ခါးခါးသီးသီး ငြင်းတတ်ကြပြီး ကိုယ်နဲ့ေ၀းရာကိုပြေးနေတဲ့သူနောက်ကို
တော့ လိုက်တတ်ကြတယ်....
ဒါကလဲ ရတာမလို လိုတာမရဆိုတဲ့ လောကကြီးရဲ့
ဓမ္မတာပဲလေ...
ကျေနပ်ပါတယ်...ကျွန်တော် ကျေနပ်တယ်...
ခင်ဗျားကို သိပ်ချစ်တဲ့ ညီလေးတစ်ယောက်အနေနဲ့ပဲ.....***********
"ကျစ်! ကားကလဲ ပိတ်လိုက်တာကွာ! မှီပါ့မလား
တောင် မသိဘူး"သွန်းခ လက်ထဲကနာရီကိုကြည့်ရင်း ညည်းလိုက်မိသည်။စိတ်ထဲမှာလဲ ဖေဖေကြိုခိုင်းလိုက်တဲ့ ဧည့်
သည်တွေနဲ့ လွဲသွားမှာကို စိုးရိမ်နေမိသည်။ကားကလဲ ဒီနေ့မှ ပိတ်သိပ်နေလိုက်တာ လုံး၀သွား
လို့မရ။ဖေဖေက မန်နေဂျာတစ်ယောက်ခေါ်သွားခိုင်း
ပေမဲ့ သူ ဖေဖေ့ကို ရွဲ့ပြီး တစ်ယောက်ထဲထွက်လာခဲ့
ခြင်းဖြစ်သည်။သွန်းခ လေဆိပ်ထဲရောက်တော့ အချိန်က နာရီ၀က်လောက်တောင် နောက်ကျနေပြီ။ကားကို
ကားပါကင်ထဲကိုအမြန်ဆုံး မောင်း၀င်လာခဲ့လိုက်သည်။အချိန်ကလဲနောက်ကျနေပြီမို့ စိုးရိမ်စိတ်တွေနဲ့
ပြာယာနေမိသည်။ကားပေါ်ကအဆင်း နောက်က
လှမ်းဆွဲလိုက်တဲ့ လက်တစ်စုံကြောင့် သူ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။"မင်းက 'သွန်းခ'လား!"
သူ လှည့်ကြည့်လိုက်တော့ ခက်ထန်မာကျောတဲ့
မျက်နှာနဲ့ သူ့လက်ကို လှမ်းဆွဲထားတဲ့ ထောင်ထောင်မောင်းမောင်းနဲ့ ယောက်ျားကြီးတစ်ယောက်။"ဟုတ်!"
သူ အသာလေးခေါင်းညိမ့်ပြပြီး ဖြေလိုက်သည်။ခုနက ပြာယာခတ်နေတဲ့စိတ်တွေတောင် ဘယ်
ရောက်သွားမှန်းမသိတော့။ဘာလို့မှန်းမသိ၊ သူ့စိတ်ထဲမှာ အဲ့တစ်ယောက်ကို ကြောက်နေမိတာတော့
အမှန်ပင်။

BINABASA MO ANG
My Owner(Completed)
Fantasy👑The meaning of owner in english dictionary is a person who own something. Something? If I am owner, what is something for me?For me, something is...💘 #Myanmar fiction💚 #Boy Love❤