ရောင်နီလာပြီမို့ ဆေးရုံကြီးထဲက ပြတင်းပေါက်လေးတွေမှတစ်ဆင့် အလင်းရောင်လေးတွေက တိုး
ခွေ့၀င်လာကြသည်။ကုတင်ပေါ်က အနှီလူသားလေးရဲ့ လက်တစ်စုံဟာလည်း လှုပ်ရှားစပြုလာသည်။သို့သော် ညာဖက်လက်တစ်စုံကတော့ ပတ်တီးအဖွေးသားနဲ့။
*ငါဘယ်ရောက်နေတာလဲ*
ညာလက်က နာကျင်ကိုက်ခဲနေတာမို် ့ ဘယ်လက်နဲ့ပဲ ဟိုရမ်းဒီရမ်းလိုက်စမ်းနေမိသည်။မျက်နှာမှာကလည်း ပတ်တီးအဖွေးသားနဲ့ ကျပ်စီးထားသလိုပင်။
ခေါင်းကလဲ ကိုက်နေသည့်အပြင် လည်ပင်းကလဲ
နာနေသေးသယောင်ယောင်။ တစ်ကိုယ်လုံး ကောင်းနေသည့် နေရာ ရှာရခက်နေသလိုပင်။*ကျစ်!*
ရုတ်တရက် သူလှမ်းဆုပ်မိလိုက်တာက ဆံပင်အချို့။
မကြမ်းလွန်း မနူးညံ့လွန်းတဲ့ ဆံပင်လေးတွေက ကိုင်လို့ကောင်းတာတော့ အမှန်ပင်။ဆံပင်အနေအထားကိုကြည့်ပြီး ယောက်ျားလေးတစ်ယောက်ရဲ့ခေါင်းဆိုတာ တပ်အပ်ပြောနိုင်သည်။"သွန်း!"
"...."
"နိုးလာပြီလား"
*သွန်းတဲ့လား။ ငါ့ကို ဒီလိုခေါ်တာဆိုလို့....*
"ထိုင်လို့ရအောင် လုပ်ပေးပါ"
"အင်း"
မျက်လုံးတွေက ေ၀ဝါးနေပေမဲ့ သူ့အပေါ် အုပ်မိုးထားတဲ့ အရိပ်အယောင်တွေက သူပဲဆိုတာ သွန်းခ
တပ်အပ်ပြောနိုင်သည်။ဇွဲထက်သန့် အနှီကောင်ကို ကုတင်ပေါ်က ဖြေးညင်းစွာ ဆွဲထူပေးပြီးသည့်နောက်....
သူ့ခါးပေါ်ကို လျင်မြန်ပြီး အေးစက်တင်းကျပ်စွာ ကျရောက်လာတဲ့လက်တစ်စုံ။သူ ခဏတာ မှင်သက်နေမိသည်။နောက်ပြီး ကြားလိုက်ရတာက ရိုက်သံတစ်ချို့
နဲ့ ငိုသံလဲ့လဲ့။"ဘယ်တော့မှ တစ်ယောက်ထဲ ပစ်မထားခဲ့ပါနဲ့။ပစ်မထားခဲ့ပါနဲ့နော်..."

YOU ARE READING
My Owner(Completed)
Fantasy👑The meaning of owner in english dictionary is a person who own something. Something? If I am owner, what is something for me?For me, something is...💘 #Myanmar fiction💚 #Boy Love❤