ဒေါသကြီးတဲ့အရုပ်ကလေး

4.4K 508 24
                                    

တဖွဲဖွဲကျနေတဲ့ နှင်းတွေနှင့် ခြံဝင်းကြီး တခုလုံးဖွေးဖွေး လှုပ်နေလျက်ရှိသည်။

အေးစိမ့်နေတဲ့ ရာသီဥတု ဟာ heaterပင်မနိုင်တော့တာမို့ မီးလင်းဖိုဘေး တွင် ထိုင်နေရလေသည်။

အိမ်ကြီးတခုလုံးအပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ် နေသည်။

ည ၁၂နာရီ ထိုးနေပြီမို့ ရေနွေးပူပူလေးတခွက်လောက်သာက်ရန်တွေးလိုက်ပြီးနောကက် မီးဖိုခန်းဆီသို့သွားရန် အိပ်ခန်းထဲမှ ထွက်လိုက်ပါ၏...

Willisရဲ့အခန်း မှဝါကျင့်ကျင့်မီးရောင် က လင်းနေဆဲမို့ အခန်းထဲ အသံမပြုပဲဝင်လိုက်လေသည်။...

ပြတင်းပေါက် ဘက် မျက်နှာမူ ကာ ကျွန်းခုံ ရှည်ကြီးတွင်ထိုင်နေသည့်willis၏ကျောပြင်ကျယ်ကို တွေ့ရလေသည်။
တခုခု ကို တွေးတောနေဟန် ရှိလေ၏...

Viviကတော့ ကုတင်ပေါ်ရှိစောင်ပုံထဲတွင်ကွေးလို့နေသည်။

Loeyကိုwillisတင်မဟုတ်ပဲviviက ပါ ကြည့်မရခြင်းဖြစ်သည်။

*ဝုတ်~ဝုတ်*

ကိုယ့်ဘာကို အေးဆေးမအိပ်ပါပဲ loeyအနံ့ ရလို့ ထဟောင်သည့်  vivi...

ကုတင်ပေါ် ကနေ မဆင်း စောင်ပုံထဲက မထွက်ပါ ဘဲ  သူ့ကို လှမ်းဟောင်နေသည့်viviကို မျက်လုံးပြူးပြလိုက်ပါ၏

Viviဟောင်သံကြောင့်ကျော ပေးထားသည့် ခန္ဓာ ငယ်ဟာ အနဲငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။

"John?"

အနား တွင်ဝင်ထိုင်လိုက်တော့ မျက်မှောင်ကို ကုတ်ချ ထားသည့် အေးစက်စက် မျက်နှာထားဖြစ်သွားသည့်Willis...

" ဘာ လာရှုပ်ပြန်တာလဲ"

" ဟက် ကိုယ်မှန်းသိတာလား"

ဘေးတိုက်မြင်နေရတဲ့ မျက်နှာဖွေးနုနု...
အအေးဒဏ်ကြောင့် ပါးပြင်လေးတွေ နှုတ်ခမ်းပါးလေးတွေက နီရဲနေလေသည်။
နဖူးပေါ် ကပိုကယို ကျနေသည့် ရွှေညိုရောင်ဆံနွယ်တို့ နှင့်အတူ ညအိပ်ဝတ်ရုံ အဖြူ ရောင်တို့နှင့်willisပုံစံလေးဟာ အရုပ်လေး နှင့် တူလေသည်။

Loeyဟာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်သူဟုတ်ပေမဲ့willisကို တော့ တစိမ့်စိမ့်ကြည့်ရတာ သဘောကျလေသည်။
Willisပြာလဲ့လဲ့မျက်ဝန်းတွေကိုငေးရတာကို နှစ်သက်သည်။

ဘာလို့လဲ ဆိုတော့...
အင်းး...ဒီအတိုင်းပဲ ငေးကြည့်နေချင်စရာ ကောင်းလောက်အောင် ပြည့်စုံလို့ပါ...

" ခင်ဗျား ထွက်မသွားသေးဘူးလား ခုထိ"

" ဟင့်အင်းWillisအိပ်မှ"

" ကျွန်တော်  အိပ်မှာမဟုတ်ဘူး တနေ့လုံးအိပ်ထားတယ်"

" အထီးမကျန်ဘူးလား"

သူ့ရဲ့ အဆက်အစပ် မရှိတဲ့ အမေးကို ပါးစပ်လေးဟကာ အံ့အားသင့်သွားပုံ ရသည်။
Willisဟာ...နှုတ်ခမ်းနီရဲရဲလေးကို လျှာနှင့်သပ်လိုက်ပြီးနောက်

" ဘာကိုလဲ"

" အမှောင်ထဲမှာ နေရတာ အထီးမကျန်ဘူးလား"

သူ့အပြောကြာင့် တရိပ်ရိပ်နီရဲ လာ တဲ့ မျက်နှာလေးကို ကြည့်ကောင်းကောင်းနှင့်သာ ငေးနေလိုက်သည်။

" ခု နေ ခင်ဗျားကို ထသတ်လို့ရရင် အရမ်းကောင်းမှာ"

Willisရဲ့ လက်ဖဝါး အေးစက်စက်လေးကို ဆုပ်ကိုင်လိုက်တော့ တွန့်ခနဲ...
အခိုက်အတန့်သာ ငြိမ်နေပြီးနောက် အသဲအသန်ရုန်းလေ၏
Willisရဲ့လက်သည်းတွေဟာ ရှည်နေပြီမို့ loeyလက်ဖဝါးကို ကုတ်မိသလို ဖြစ်နေလေသည်။

မနက်ကြ ညှပ်ပေးအုန်းမှပါပဲ...

" လက်ဖျားတွေ အေးစက်နေပြီ နွေးနွေးထွေးထွေးနေတော့"

*son of b**ch*
Willisထံမှ ခပ်တိုးတိုး ဆဲရေးသံ...

ထို့နောက် လက်ကိုဆောင့်ရုန်းရင်း ကုတင် ရှိရာသို့ တလှုပ်လှုပ်နှင့်သွားလေသည်။
ကုတင်ပေါ် ရောက်သည်နှင့် စောင်ပုံ ထဲက viviကို ပါ ဖက်ထားလိုက်ရင်း...

" ရပြီမလား သွားတော့"

သူ ရှိမည့်ဘက် လှမ်းအော်ကာ ပြောတာမို့...

" အိပ်ယာ ပေါ်မှာပဲနေတော့
ဘာမှမတွေးပဲ မျက်လုံးမှိတ်ထား တဖြည်းဖြည်းအိပ်ပျော်သွားလိမ့်မယ်"

"..."

တံခါး ဝရောက်ကာမှ ပြန်လှည့်လိုက်ရင်း...

"Willis"

"What the..!!ခုထိ မသွားသေးဘူးလား"

မှန်းသန်းကာ ခေါင်းအုံးတွေနှင့် လျှောက်ပစ်နေသည့်Willis...

"Good night,Willis"

"Go to hell,Loey"

***********************





  "Willis "(Completed)Where stories live. Discover now